လိုအပ်ချက်တွေများစွာရှိနေတဲ့ ပြည်တွင်းဒေသများစွာမှာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုလုပ်ပြောင်းလဲမှုတွေကလည်း များစွာရှိနေပါတယ်။ ရပ်ကွက်ကျေးရွာမှအစ မြို့ကြီးများစွာမှာလည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် တိုးတက်မှုတွေများစွာရှိခဲ့ပါတယ်။ မကြာသေးမီကလည်း မန္တလေးမြို့ကလေးငယ်တစ်ဦးရဲ့ ကုသိုလ်လေးကတော့ ကြားရသူအားလုံးကို သာဓုခေါ်ရင်း ကြည်နူးစေခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ကလေးငယ်ကတော့ မောင်ပြည်ဖြိုးဝင့်အမည်ရှိပြီး Grade 3 VEC ပညာ့ရိပ်သာမှ ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ ၎င်းကလေးငယ်ကတော့ စုထားသော မုန့်ဖိုး ကျပ်သိန်း ၃၀ ကျော်ကို မီးတိုင်တွက် လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မုန့်ဖိုးတွေကတော့ အဖိုးအဖွား၊မိဘများနှင့် ဦးလေး အဒေါ်များက ပေးထားသော မုန့်ဖိုးကို စုဘူးတွင်ထည့်စုထားခြင်းဖြစ်ပြီး စုဘူးဖောက်သောအခါ ငွေကျပ် ၃၁ သိန်းကျော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ငွေကျပ်သိန်း ၃၀ကျော်လှူဒါန်းခဲ့တဲ့ မောင်ပြည့်ဖြိုးဝင့်ကိုတော့ မန္တလေးမြို့၏အသက်အငယ်ဆုံးအလှုရှင်ဟု မန်းမြို့တော်ဝန်က တင်စားခဲ့ပါတယ်။ မြင့်မြတ်တဲ့အလှူတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ငယ်ရွယ်စဉ်မှာကတည်းက အများပြည်သူအတွက် လုပ်ဆောင်နိုင်ခဲ့တဲ့ အဆိုပါကလေးငယ်လေးရဲ့ ပုံရိပ်တွေကိုချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

photos - Pyi Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။