စတော်ဘယ်ရီ ချယ်ရီရောရင် တော်တန်ရုံသလိုပင်....ဆိုတဲ့ သီချင်းလေးထဲကအတိုင်း ဒီနေ့ကတော့ မြန်မာ လူမျိုးတွေက ရှမ်းဆီးလို့ ခေါ်ကြတဲ့ စတော်ဘယ်ရီသီးလေးတွေအကြောင်းကို ပြောပြရင်း သင့်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လောက်အထောက်အကူဖြစ်စေလည်း ဆိုတာကို ပြောပြပေးသွားမှာပါ။ စတော်ဘယ်ရီသီးတွေက မြန်မာနိုင်ငံရဲ့ ရှမ်းကုန်ပြင်မြင့်တွေမှာ စိုက်ပျိုးကြပြီး ဧပြီလနဲ့ မေလမှသာ အသီးလေးတွေစားရတာဖြစ်ပါတယ်။ စတော်ဘယ်ရီသီးတွေက အနောက်ဥရောပတိုက်မှာ ရှေးယခင်ကတည်းက တည်ရှိခဲ့ကြပြီး အရမ်းကို ဆေးဖက်ဝင်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ စတော်ဘယ်ရီသီးလေးတွေရဲ့ အရသာက ချဉ်ပြုံးပြုံးအရသာလေးမို့ လူတိုင်းက ကြိုက်နှစ်သက်ကြပါတယ်။

ယနေ့ကတော့ စတော်ဘယ်ရီသီးလေးတွေကို စားသုံးခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်တယ်ဆိုတာကို ပြောပြပေးမှာပါ။

(၁) စတော်ဘယ်ရီမှာဆိုရင် antioxidants ဓာတ်တွေပေါကြွယ်ဝတာကြောင့် ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို အကောင်းဆုံးကာကွယ်ပေးနိုင်တာကို တွေ့ရမှာပါ။ ဥပမာအားဖြင့် နေလောင်ခြင်း၊ လေထုညစ်ညမ်းခြင်းတို့ကြောင့် အသားအရေထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၂) စတော်ဘယ်ရီသီးလေးတွေကိစားသုံးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါပိုးမွှားတွေ အလွယ်တကူမဝင်ရောက်နိုင်အောင်လည်း ထိန်းညှိပေးနိုင်ပါတယ်။

(၃) စတော်ဘယ်ရီက သွေးတွင်း သကြားဓာတ်ကိုလည်း ကောင်းမွန်စွာထိန်းညှိပေးနိုင်တာကြောင့် သွေးတွင်း သကြားဓာတ်နည်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၄) ဒါ့ပြင် ရောဂါပိုးမွှားတွေကိုသေစေနိုင်တဲ့ antimicrobial ပါဝင်တာကြောင့် နေ့စဉ်စားသုံးသင့်တဲ့ အသီးတစ်မျိုးပါ။

(၅) စတော်ဘယ်ရီက လူသားတို့ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေတာကြောင့် တကယ့်ကို ကျန်းမာရေးအတွက် အသုံးဝင်တဲ့ အသိတစ်မျိုးပါ။

(၆) နောက်ဆုံးတစ်ချက်ကတော့ စတော်ဘယ်ရီဖျော်ရည်က ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် ဝိတ်လျော့ထားတဲ့ ကိုကို မမတွေ အတွက် အထူးသင့်လျော်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

ရှမ်းဆီးအကြောင်းကို သိပြီးပြီဆိုတော့ အချိုပွဲ အနေနဲ့ပဲ ဖြစ်ဖြစ် ဖျော်ရည်အနေနဲ့ပဲ ဖြစ်ဖြစ် နေ့စဉ်စားသုံးဖို့ မမေ့နဲ့နော်။

Source: irishexaminer.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။