စီရော်နယ်ဒို ဆိုတဲ့ ဘောလုံးသမားဟာ အထွေအထူး မိတ်ဆက်ရမယ့်သူ မဟုတ်ပါဘူး။ ကမ္ဘာ့ဘောလုံးသမိုင်းမှာတောင် အကောင်းဆုံးစာရင်းဝင်သူ၊ စံချိန်ပေါင်း၊ ဆုတံဆိပ်ပေါင်းမြောက်များစွာရဲ့ အရှင်သခင်၊ လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား၊ Living legend တစ်ယောက်လည်း ဖြစ်ပါတယ်။ တကယ်တော့ အားကစားဟာ လူငယ်တစ်ယောက်ကို ပါရမီ ဘယ်လောက်ပါသလဲ၊ Talent ဘယ်လောက်ရှိသလဲ ဆိုတာတွေပေါ်မှာ အဓိကအခြေခံ အကဲဖြတ်တဲ့ နယ်ပယ်တစ်ခု ဖြစ်ပါတယ်။ ဒီအခါ ငယ်ငယ်က တအားကို တော်တယ်၊ တချိန်မှာ ထွန်းတောက်လာမယ်လို့ သတ်မှတ်ခံခဲ့ရပေမယ့် တကယ့်လက်တွေ့မှာ ထင်သလို ဖြစ်မလာတဲ့ ကစားသမားတွေ၊ တစ်ဖက်မှာလည်း အောင်မြင်မှုကို၊ ၂နှစ် ၃နှစ်အပြင် ပိုထိန်းမထားနိုင်တဲ့သူတွေ အများအပြား ဖြစ်လာတယ်။ အဲဒီလိုလူတွေကြားထဲမှာ နှစ်ပေါင်းများစွာ အောင်မြင်နေ၊ အောင်မြင်ဆဲလူကတော့ ဝါရင့်ကစားသမား စီရော်နယ်ဒိုပဲဖြစ်ပါတယ်။ 

စီရော်နယ်ဒိုဟာ အောင်မြင်မှုများရရှိဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စနစ်တကျ တည်ဆောက်ယူခဲ့တဲ့သူ ဖြစ်ပါတယ်။ သူဟာ လူငယ်ကစားသမားဘဝနဲ့မန်ယူအသင်းကို စတင်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ၂၀၀၇ မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၃ ယောက်စာရင်းထဲ ဝင်လာပါတယ် ။ ၂၀၀၈ မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား စဖြစ်ပြီး ၂၀၀၉ အကုန်မှာ ရီးယဲမက်ဒရစ်ကို အသင်းပြောင်းခဲ့ပါတယ် ။ အဲဒီမှာပဲ ဒီထက်ဒီထက် ပိုလာတဲ့ စံချိန်တွေ ရလာခဲ့တာပဲ ဖြစ်ပါတယ်။ အကြောင်းရင်းတစ်ခုကတော့ ပြိုင်ဘက်ကောင်းမက်ဆီနဲ့ ဆုံရတာပါပဲ။ သူတို့ကိုယ်တိုင်လည်း ပြောကြပါသေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြိုင်နေကြရင်း ပိုပိုတိုးတက်လာတာပဲ ဖြစ်ပါတယ်တဲ့။  

ဒီနေ့လေးကတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအကြိမ်ကြိမ်ဆွတ်ခူးရရှိထားတဲ့ စီရော်နယ်ဒိုရဲ အသက် ၃၄ နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဆိုပင်မဲ့ အသက် ၂၃ နှစ်အရွယ်ကိလို ခြေစွမ်းမျိုးနဲ့ကစားနိုင်ပါသေးတယ်လို့လည်း သူက ပြောထားပါသေးတယ်။ သူ့ရဲ့မွေးနေ့လေးကို အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း မွေးနေ့ဆုတောင်းပေးထားပါသေးတယ်။

Source - Manchester United 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။