မကြာခဏဆိုသလို ကြားသိနေရတဲ့ လူသေမှုသတင်းတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါလူသေဆုံးမှုတွေထဲမှာ ရေနစ်သေဆုံးမှုတွေကတော့ များစွာရှိနေပြီး မကြာခဏဆိုသလို ပြည်တွင်းရေကြောင်းလမ်းမှာ အလောင်းတွေ တွေ့ရှိလျှက်ရှိတာပဲဖြစ်ပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၃ရက်နေ့ ညနေပိုင်းမှာလည်း မကွေးမြို့ မြသလွန်ဘုရားအနီး ဧရာဝတီမြစ်ကမ်းဘေးမှာ ရေစီးနှင့်မျောပါသွားတဲ့ အမျိုးသားသုံးဦးရဲ့ သတင်းကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ အမျိုးသားသုံးဦးကတော့ ၃.၂.၂၀၁၉တနင်္ဂနွေညနေ ၅နာရီကျော်ခန့်က၊မကွေးမြို့ တောင်တွင်းလမ်းပေါ်ရှိရှင် ဝိုင်းမုန့်ဟင်းခါးဆိုင်မှမိသားတစ်စုသောင်ပြင်သို့ လာရောက်ရာမှ လူ၄ဦး ရေစီးနှင့်အတူ မျောပါသွားရာမှ ၁ဦး ကယ်ဆယ်နိုင်ခဲ့ပြီး မောင်စည်သူ(၃၀)နှစ် ၊မောင်ညိုကြီး(၂၀)နှစ်၊ မောင်ဝေယံ(၁၉)နှစ် တို့ရေစီးနှင့်မျောပါ ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ရေစီးနဲ့ မျောပါသွားသူ သုံးဦးအနက် ၂ဦးရဲ့ ရုပ်အလောင်းအား ဖေဖော်ဝါရီလ ၄ရက်နေ့ မနေ့က မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်တစ်ဦးရဲ့ အလောင်းအား ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် ရှာဖွေနိုင်ခဲ့ကြောင်း သိရပါတယ်။  

ပြည်တွင်းမကြာခဏကြားသိနေရတဲ့ ရေနစ်သေဆုံးမှုသတင်းတွေထဲမှာ စိတ်မကောင်းစရာဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ရေနဲ့အနီးအနားအလုပ်လုပ် နေထိုင်သူတွေသတိပြုနေထိုင်ကြဖို့ မနေ့ကတွေ့ရှိခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

Photos - Chit Nge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။