အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် မြန်မာ ယူ - ၂၂ အသင်းသည် ပြည်တွင်းလိဂ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားရန် စီစဉ်နေတာပဲ ဖြစ်ပါတယ်။ မြန်မာ ယူ - ၂၂ အသင်းသည် ခြေစမ်းပွဲများယှဉ်ပြိုင်ရန် ပြည်တွင်းလိဂ်ကလပ်အသင်းတစ်ချို့နဲ့တိုင်ပင်နေတာလည်း ဖြစ်ပါတယ်။ မြန်မာ ယူ - ၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယားနိုင်ငံသား ပိုပေါ့က တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး ယနေ့မှာ ပမာဏကစားသမား ၂၈ ဦးဖြင့် စခန်းသွင်းလေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။  

" အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲ ကစားချင်တဲ့အတွက် အခုပြည်တွင်း လိဂ်အသင်းတွေနဲ့ခြေစမ်းပွဲကစားဖို့စီစဉ်ဖြစ်တာပဲ ဖြစ်ပါတယ်။ ဒါပင်မဲ့ ရက်က အရမ်းကပ်နေတဲ့အတွက် နှစ်ပွဲလောက်ပဲ ကစားဖြစ်မှာပါ။ " လို့ပြောကြားထားတာပဲ ဖြစ်ပါတယ်။ ၂၀၁၉ အာဆီယံ ယူ - ၂၂ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ်ရာ မြန်မာအသင်းသည် အုပ်စု ( ခ ) တွင် မလေးရှား ၊ အင်ဒိုနီးရှား ၊ အိမ်ရှင် ကမ္ဘောဒီးယား အသင်းတို့နဲ့ကျရောက်နေတာလည်း ဖြစ်ပါတယ်။ 

မြန်မာ ယူ - ၂၂ အသင်းသည် အုပ်စုပွဲများ အဖြစ် ဖေဖော်ဝါရီလ ၁၈ ရက် တွင် အင်ဒိုနီးရှား ၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကမ္ဘောဒီးယား ၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် မလေးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

Source - Myanamar Football Federation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။