ထိုင်ဝမ်ကမော်ဒယ်အရမ်းဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ကတော့ ဆိုးရွားတဲ့အဖြစ်ဆိုးတစ်ခုနဲ့ကြုံ့တွေ့ခဲ့ရပါတယ်။ ထိုကောင်မလေးကတော့ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Naomi Chen ပဲဖြစ်ပါတယ်။ သူမကတော့ လူလိမ်ဓာတ်ပုံဆရာတစ်ယောက်နဲ့လှည့်ကွက်ထဲရဲရဲကြီးတိုးမိတဲ့အတွက် အဓမ္မပြုကျင့်ခံခဲ့ရရုံသာမကပဲ အသတ်ပါခံခဲ့ရတာပါ။

ဓာတ်ပုံဆရာကတော့ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Cheng Yu ဖြစ်ပြီး သူရဲ့ချစ်သူကောင်မလေးကတော့ အသက်၂၂နစ် ရှိပြီဖြစ်တဲ့ Liang Ssu-Hui ဖြစ်တယ်လို့သိရပါတယ်။ အသတ်ခံရတဲ့ Naomi နဲ့ Liang Ssu-Hui တို့ဟာ နှစ်နှစ်ကျော်ကြာခင်မင်ခဲ့တဲ့သူငယ်ချင်းတွေဖြစ်တယ်လို့လဲသိရပါတယ်။ Cheng Yu ကတော့ သူ့ကိုယ်သူဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပါတယ်လို့ Naomi ကိုလိမ်လည်ကာ သူ့ချစ်သူကောင်မလေးလို မော်ဒယ်ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီး စတင်ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ မော်ဒယ်အရမ်းဖြစ်ချင်တဲ့ Naomi ကတော့ လူလိမ်ရဲ့လှည့်ကွက်ထဲကို အငိုက်မိကာ သက်ဆင်းခဲ့မိတယ်လို့လဲသိရပါတယ်။

၎င်းလူလိမ်ဓာတ်ပုံဆရာကတော့ Naomi ကို အဓမ္မပြုကျင်ရုံသာမကပဲ အသေသတ်ကာ အလောင်းကိုတော့ တိုင်ပေမှာရှိတဲ့ ရှော့ပင်းမောက ကားပါကင်မှာစွန့်ပစ်ထားခဲ့တာဖြစ်ပါတယ်။ Naomi ရဲ့အလောင်းကိုစတင်တွေ့ရှိချိန်မှာတော့ အဝတ်အစားများမပါရှိတော့ပဲ သူမရဲ့အောက်ခံဘောင်းဘီကလည်း အဝေးတစ်နေရာကိုရောက်ရှိနေတာဖြစ်တယ်လို့လဲသိရပါတယ်။ ထိုလူလိမ်ကတော့ Naomi ပိုင်ဆိုင်တဲ့ လက်ကိုင်ဖုန်းကအစ တန်ဖိုးကြီးပစ္စည်းအားလုံးကိုယူဆောင်ကာ Naomi ပိုင်ဆိုင်တဲ့ credit card ဖြင့် နာမည်ကြီး ကြယ်ငါးပွင့်ဟိုတယ်မှာပါ သွားရောက်နေထိုင်ခဲ့တယ်လို့သိရပါတယ်။ လူအများသတိထားဆင်ခြင်နိုင်စေဖို့အတွက် ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ 

source - 247 Latest News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။