ပြင်သစ်နိုင်ငံ ပါရီမြို့ အနောက်ပိုင်းမှာ လူနေအိမ်တိုက်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

၎င်းမီးလောင်မှုကတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်အစောပိုင်းမှာဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ မီလောင်မှုဖြစ်ပေါ်ရတဲ့အကြောင်းရင်းကို မသိရှိရသေးပါဘူး ။ သို့ပေမယ့် မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ ၎င်းမီးလောင်မှုဖြစ်ပွားခဲ့တဲ့ ၈ ထပ်အဆောက်အဦးမှာ လောင်ကျွမ်းနေတဲ့မီးကိုတော့ ညှိမ်းသတ်နိုင်ခဲ့ပါပြီ။

၎င်းမီးလောင်မှုကြောင့် ဆုံးရှုံးမှုအနေနဲ့ဆိုရင်တော့ လူ ၈ ဦးလောက်မသေသင့်ဘဲ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် လူအယောက် ၃၀ ဝန်းကျင်လောက်ကလည်း ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။  

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။