လက်ရှိအချိန်မှာတော့ သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်းက ကွင်းစ်လန်ပြည်နယ်မှာ ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။

၎င်းရေကြီးမှုကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၃ ရက်နေ့က ရော့စ်မြစ် ဆည်ရေတံခါးတွေ အကုန်ဖွင့်ပြီးတဲ့နောက် ရေတွေအရှိန်အဟုန်နဲ့စီးလင်းလာတာကနေ အရှိန်အဟုန်ကောင်းလာခဲ့တာဖြစ်ပဲဖြစ်ပါတယ်။ 

၎င်းဆည်ကတော့ တစက္ကန့်ကို ရေကုဗမီတာ ၁၉၀၀ ဝန်းကျင် ထုတ်လွှတ်နေတဲ့ဆည်တစ်ဆည်ဖြစ်တာတောင်မှ ဖေဖော်ဝါရီလ၄ ရက်နေ့ မနက်က ဆည်မှာ ၅၃၂,၀၀၀ ဂစ်ဂါလီတာ ရှိနေဆဲဖြစ်ပြီး အဲဒီပမာဏဟာ ဆစ်ဒနီဆိပ်ကမ်း ရေပမာဏလောက်ကို များပြားပါတယ်လို့သိရပါတယ်။  

၎င်းရေကြီးမှုကြောင့် သေဆုံးသူတွေလည်းရှိနေသလို ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားရပါတယ်။

ဒါ့အပြင် သြစတြေးလျဝန်ကြီးချုပ် မောရစ်ဆင်ကလည်း ရေဘေးဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ အားပေးခဲ့ပါသေးတယ်လို့သိရပါတယ်။ 

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။