ပြည်တွင်းမွေးရာပါ ဘဝကံတွေကြောင့် ဆင်းရဲသာထက်ပိုတဲ့ ဘဝလေးတွေကို နေရာဒေသအနှံ့အပြားမှာတွေ့ရလျှက်ရှိပါတယ်။ အဆိုပါဘဝပိုင်ရှင်လေးတွေထဲမှာ လက်မပါ ခြေမပါကလေးငယ်တွေရဲ့ ဘဝလေးတွေကိုတော့ ပရိသတ်တွေလည်း စာနာမိမယ်ထင်ပါတယ်။ မွေးရာပါ လက်နှစ်ဖတ်စလုံးမရှိတဲ့ ကလေးမလေးတစ်ဦးရဲ့ ဘဝလေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါ ကလေးငယ်လေးကတော့ ပခုက္ကမြို့မှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး မွေးရာပါ လက်နှစ်ဖက်မရှိသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ သူမကတော့ မသင်းမြတ်ခိုင်အမည်ရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ ဘဝကို တစ်ကိုယ်တော်ထိန်းကျောင်းနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။  

နေ့စဉ်ဖြတ်သန်းရတဲ့ လူအသိုင်းအဝိုင်းမှာ သာမာန်လူတွေနဲ့အတူ ရင်ဘောင်တန်းနေထိုင်လျှက်ရှိပြီး သူမရဲ့ တစ်နေ့တာလုပ်ဆောင်မှုတွေကိုတော့ အကူအညီမလို တကိုယ်တော်လုပ်ဆောင်လေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ ဘဝကို ရရှိထားပေမယ့်လည်း အရှုံးမပေးရုန်းကန်နေတဲ့ သမီးလေး မသင်းမြတ်ခိုင်ရဲ့ အာဂစိတ်ဓာတ်လေးကို အတုယူနိုင်ဖို့ ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

video - ခန့်မင်းထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။