မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ AFC Champions League 2019, Preliminary round 1 အဖြစ် ရန်ကုန်ယူနိုင်တက်အသင်းနဲ့ဖိလစ်ပိုင် ကလပ်ဆီးရက်စ်နီဂရို့စ်တို့ယှဉ်ပြိုင်ကစားခဲကြပါတယ်။အဆိုပါပွဲစဉ်အပြီးမှာတော့ ရန်ကုန်ယူနိုက်တက်အသင်းက(၂-၁)နဲ့အနိုင်ရပြီးအာရှချန်ပီယံလိဂ်ဒုတိယအဆင့်ခြေစစ်ပွဲကိုတက်ရောက်သွားခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ဒုတိယအဆင့်ခြေစစ်ပွဲကိုတော့လာမယ့်ဖေဖောဝါရီလ၁၂ရက်နေ့မှာ

ထိုင်းထိပ်သီးကလပ်ချင်းရိုင်ယူနိုက်တက်နဲ့ကစားရမှာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းဟာ

ချင်းရိုင်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်ကိုလည်းထိုင်းနိုင်ငံမှာသွားရောက်ကစားရမှာဖြစ်ပါတယ်။

ချင်းရိုင်ယူနိုက်တက်အသင်းကတော့မနှစ်ကကျော်ကိုကိုသွားရောက်ကစားတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။

မနေ့ကရန်ကုန်ယူနိုက်တက်အသင်းနဲ့ဆီးရက်စ်နီဂရို့စ်တို့ဟာမနှစ်ကAFC CUP အာစီယံဇုန်ရဲ့အကြိုဗိုလ်လုပွဲမှာလည်းတွေ့ဆုံခဲ့ပြီးဆီးရက်စ်နီဂရို့စ်အသင်းက(၆-၅)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ခုမှာတော့ရန်ကုန်ယူနိုက်တက်အသင်းကအဝေးကွင်းမှာ

အနိုင်ယူပြီးရှုံးကြွေးကိုပြန်ဆပ်ခဲ့တာပြီးနိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

၁၂ရက်နေ့မှာယှဉ်ပြိုင်ကစားမယ့်ချင်းရိုင်ယူနိုက်တက်အသင်းနဲ့ပွဲမှုာလည်းအနိုင်ရလဒ်နဲ့

နောက်တစ်ဆင့်တက်ဖို့ဆုတောင်းပေးလိုက်ကပြီးပရိသတ်တွေမကြည့်ရသေးတဲ့ ပွဲသွင်းဂိုးလေးတွေကိုလည်းအားပေးကြပါဦးနော်။

SOURCE:Yangon United 12th Players

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။