အကယ်ဒမီအခမ်းအနားပြင်ဆင်စရိတ်မှ ပိုငွေ သိန်းတစ်ထောင်ကို ဇာတ်ပို ့ဇာတ်ရံများနဲ ့ကိုလူချောအဖွဲ ့သားများအတွက် ရန်ပုံငွေမတည်မည်

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ အခမ်းအနားပြင်ဆင်မှုအတွက် ငွေကျပ်သိန်း ၃၀၀၀ သတ်မှတ်ထားခဲ့သော်လည်း သိန်း ၃၀၀၀ လုံး

မကုန်ဘဲ သိန်း ၂၀၀၀ ကျော်သာ ကုန်ကျခဲ့ပါသည်။ ထို ့ကြောင့် ကျန်ရှိသော ငွေကို Bella ကုမ္ပဏီဘက်က ထပ်ဖြည့်စွက်ပြီး ငွေကျပ် သိန်းတစ်ထောင် တိတိကို အနုပညာလောကထဲက ဇာတ်ပို ့ဇာတ်ရံများနဲ ့ကိုလူချောအဖွဲ ့သားများအတွက် ရန်ပုံငွေထားရှိသွားမည့်အကြောင်းကို အကယ်ဒမီအခမ်းအနားစီစဉ်သူ ကိုဂျွန်လွင်က 5 Plus အင်တာဗျူးမှာ ဖြေဆိုခဲ့ပါသည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးက သတင်းထုတ်ပြန်သွားမှာဖြစ်ကြောင်းလည်း ကိုဂျွန်လွင်က ဖြေဆိုထားပါသည်။ ယခုထားရှိမည့် ရန်ပုံငွေကို ဇာတ်ပို ့၊ဇာတ်ရံ နှင့် ကိုလူချော လူကြမ်းအဖွဲ ့အတွက် ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေအပြင် လိုအပ်သောနေရာတွေမှာပါ အသုံးချသွားမည်ဖြစ်ပါသည်။

Source: 5 Plus News

Photo: John Lwin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။