ကာဒစ်စီးတီးအသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ နန့်တက်စ်တိုက်စစ်မှူး အီမီလီယာနိုဆာလာ လိုက်ပါလာတဲ့ လေယာဉ်ဟာပျောက်ဆုံးနေခဲ့ပြီးခုဆိုလေယာဉ်အပျက်စီးတွေကိုတွေ့ပြီဖြစ်ပါတယ်။လေယာဉ်ပျက်ကျတယ် ဆိုတဲ့သတင်းတွေထွက်ခဲ့တယ်ဆိုတဲ့အချိန်ကတည်းကရှာဖွေမှုတွေဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကလည်းဆာလာကိုပြန်လာနိုင်မယ်ဆိုတဲ့စိတ်လေးနဲ့အကုန်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ပရိသတ်တွေသာမကနာမည်ကျော်ကစားသမားတွေကလည်းသူ့အတွက်စိတ်မကောင်းတွေဖြစ်နေတာဖြစ်ပါတယ်။ ခုမှာတော့အစိတ်အပိုင်းတွေကိုရှာဖွေတွေ့ရှိပြီလို့သိရပေမယ့်ဆာလာကိုတော့ခုထိမတွေ့ရသေးတာဖြစ်ပါတယ်။ နိုင်ငံတစ်ကာမှာကျင်းပနေတဲ့ဘောလုံးပွဲလေးတွေမှာလည်းသူ့အတွက်တစ်မိနစ်ခန့်ငြိမ်သက်စေပြီး ဆုတောင်းမှုတွေကိုလုပ်ပေးနေတာဖြစ်ပါတယ်။

အဲ့လိုဝမ်းနည်းနေတဲ့ပရိသတ်တွေချစ်ရတဲ့သူတွေကြားထဲမှာမှယနေ့ထိတိုင်သူ့ကိုစောင့်နေတဲ့ သူတစ်ယောက်ရှိပါတယ်။အဲ့တာကတော့သူမွေးထားတဲ့ခွေးလေးပဲဖြစ်ပါတယ်။သူကတော့ ဆာလာပြန်လာမယ့်အချိန်ကိုနေ့တိုင်းပြတွင်းပေါက်ကနေမျှော်နေတာဖြစ်ပါတယ်။အဲ့ပုံရိပ်လေးဟာ ပရိသတ်တွေကြားမှာပျံ့နှံ့သွားပြီးအကုန်လုံးကစိတ်မကောင်းဖြစ်နေကြတာပါ။ဆာလာကိုပြန်လာမယ်လို့ ယုံကြည်မယ့်သူတွေကလည်းခုထိရှိနေသေးပြီးအမြန်ဆုံးပြန်လည်ရှာတွေ့ပါစေလို့လည်းဆုတောင်းပေးလိုက်ကပါတယ်။

SOURCE:Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။