လူတိုင်းက အမြဲတမ်းအကောင်းဘက်ကနေပဲ တွေးဖို့ဆိုတာ တော်တော်လေးခက်ခဲပါတယ်။ ဒါကြောင့် ဒေါသစိတ်နဲ့ မကင်းကြပါဘူး။ ဒေါသစိတ် ဖြစ်ပေါ်လာတာနဲ့ အမျှလူတိုင်းက အမှားအမှန်ကို ကွဲခြားဆင်ခြင်နိုင်စွမ်းကလည်း သူ့အလိုလို လျော့နည်းသွားပါတယ်။ ဒေါသစိတ်ဖြစ်ပေါ်ခြင်းက လူတစ်ယောက်အတွက် ပုံမှန်ခံစားချက်တစ်ခုဆိုပေမယ့် တကယ့်နောက်ကွယ်မှာတော့ ဒေါသစိတ်ကို မထိန်းချုပ်နိုင်ခဲ့ရင် တကယ့်ကို ကြောက်မက်ဖွယ်ရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒေါသထွက်ခြင်းက သင့်ရဲ့ စိတ်ကို မကောင်းတဲ့ အရာတွေဘက်ကို ဦးတည်ပေးနေတာကြောင့် မဖြစ်မနေထိန်းချုပ်နိုင်ဖို့က အရေးကြီးပါတယ်။

ဒါဆိုရင် အမှားတွေမလုပ်မိခင် ဒေါသစိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်နိုင်မယ့် နည်းလမ်း (၁၀) ခုကို ပြောပြပေးထားပါတယ်။

(၁) ပထမဆုံး တစ်စုံတစ်ခုကို မကျေနပ်ချက်စဖြင့်လာပြီဆိုရင် စိတ်ကို အတတ်နိုင်ဆုံးလျော့ထားပါ။ ပြီးရင် နံပါတ် ၁ ကနေ ၁၀ ထိ စိတ်ကနေ ရေရွတ်ကြည့်ပါ။ အရမ်းကို စိတ်တို ဒေါသထွက်နေတယ်ဆိုရင်တော့ နံပါတ် ၁၀၀ ထိ စိတ်ထဲမှာ ရေရွတ်လိုက်ပါ။ နံပါတ်တွေ ရေရွတ်နေတဲ့ အချိန်မှာပဲ သင့်ရဲ့ စိတ်က သိသိသာသာပေါ့ပါးလာပြီး ဒေါသစိတ်တွေလည်း တဖြည်းဖြည်း ဖြေလျော့လာပါလိမ့်မယ်။

(၂) ဒေါသထွက်လာပြီဆိုရင် မျက်စိမျက်လုံးတွေပြာပြီး စကားပြောတာတွေက အစ အသံတွေတုန်လာပြီး အသံရူရခက်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။ အဲ့လိုမဖြစ်အောင် ဒေါသထွက်နေပြီးဆိုတာနဲ့ အတတ်နိုင်ဆုံး အသက်ကို ပြင်းပြင်း ရူပြီး သက်ပြင်းချလိုက်ပါ။ စောနက အခြေအနေထက်ပိုပြီး သက်သာလာတာကို ခံစားရတာမှာပါ။

(၃) ဒေါသထွက်နေတဲ့ အချိန်မျိုးမှာ တစ်ချို့တွေက လမ်းလျှောက်တာ စက်ဘီးစီးတာ တစ်နေရာရာကို သွားလိုက်တာမျိုးက တကယ်ကို ထိရောက်ပြီး ဒေါသစိတ်ကို ဖြေလျော့စေနိုင်ပါတယ်။

(၄) သင်လည်း ဖြစ်ဖူးမယ်ထင်ပါတယ် ဒေါသထွက်လာရင် ခန္ဓာကိုယ်မှာရှိတဲ့ အကြောတွေထောင်လာပြီး လုံးဝနေလို့မကောင်းတော့ပါဘူး။ ဇက်ကြောတက်လာတာ သွေးတိုးတာတွေကို တောင်ဖြစ်စေတာကြောင့် အတတ်နိုင်ဆုံး သင့်ရဲ့ စိတ်ကိုလျော့ထားပြီး ကြွက်သားတွေကို ဖြေလျော့အောင် အတတ်နိုင်ဆုံး စိတ်ကို လျော့ထားပါ။

(၅) နောက်တစ်ချက်က ဒေါသထွက်နေတဲ့ အခါ ကိုယ့်ကိုယ်ကို ပြန်ပြီးအားပေးတဲ့ စကားမျိုးတွေကို ပါးစပ်က တဖွဖွပြောကြည့်ပါ။ ဥပမာ မင်း အဆင်ပြေပါတယ်၊ အားလံးအဆင်ပြေသွားမှာပါ၊ စိတ်လျော့.. စတဲ့ ကိုယ်စိတ်ကို ပြန်တည်ငြိမ်စေမယ့်စကားမျိုးတွေကို ရွေးပြီး ပြောကြည့်ပါ။

(၆) ဒီတစ်ချက်ကတော့ လူတော်တော်များများလုပ်ကြပါတယ်။ ဒေါသထွက်လာရင် စိတ်ကို တည်ငြိမ်စေမယ့် သီချင်းတွေ ဂီတသံစဉ်တစ်ခုခုကို နားထောင်လိုက်ပါ။ ထိုအရာက တကယ်ထိရောက်ပြီး ချက်ချင်းဆိုသလို ဒေါသထွက်တာကို ပြန်လည် တည်ငြိမ်စေပါတယ်။

(၇) နောက်တစ်ချက်က အချင်းချင်း စကားများနေတဲ့ အချိန်မှာ အပြန်အလှန်ငြင်းခုံနေတာကို ရပ်ပြီး ကိုယ့်ကိုယ်ကို အချိန်ပေးလိုက်ပါ။ ပြီးရင် ထိုလူတွေနဲ့ ဝေးတဲ့ တစ်နေရာမှာ သွားနေပြီး မျက်လုံးကို ကာအေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ခံစားကြည့်လိုက်ပါ။

(၈) နောက်တစ်ချက် က လူတိုင်းမလုပ်နိုင်ပေမယ့် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဒေါသစိတ်တွေကိုတောင် ပြန်လိုက်ရှာရမှာပါ။ ဒါကတော့ ရယ်မောခြင်းက ဒေါသထွက်နေတဲ့ အခါ ခက်ထန်တဲ့ မျက်နှာမျိုးမလုပ်ပဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါ။ ဒါက တကယ်ကို ဒေါသထွက်နေတဲ့စိတ်ကို ပျောက်စေနိုင်လို့ စာရေးသူကိုယ်တိုင် လက်တွေ့ပါ။

(၉) ဒေါသထွက်နေတဲ့ အချိန်မပြောလိုက်ရတဲ့ မကျေနပ်တဲ့ စကားလုံးတွေကို စာနဲ့ ချရေးလိုက်ပါ။ ရင်ထဲမှာ မြိုသိပ်နေတာထက် စကားလုံးတွေနဲ့ ချရေးလိုက်တာက သင့်ရဲ့စိတ်ကို ပေါ့ပါးသွားစေမှာပါ။

(၁၀) အခင်ဆုံးသူငယ်ချင်းကို ရင်ဖွင့်လိုက်ပါ။ ကိုယ်မကျေနပ်တာတွေ သဘောမကျတာတွေ အကုန်လုံးကို ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းကို ရင်ဖွင့်လိုက်တာကလည်း ဒေါသစိတ်ကို ဖြေဖျောက်နိုင်တဲ့ နည်းလမ်းပါပဲ။

ဒေါသစိတ်ကိုထိန်းနိုင်တဲ့ လူတစ်ယောက်က လူတိုင်းထက်ပိုပြီး ပျော်ရွှင်အေးချမ်းစရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်တာကြောင့် ဒေါသစိတ်တွေကို အမြန်ဆုံးဖြေလျော့ နိုင်စေဖို့ ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

Source:healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။