နေစဉ်နီးပါးကြားသိနေရတဲ့ လက်နက်ကိုင်သတ်ဖြတ်မှုတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိတာပဲဖြစ်ပါတယ်။ တခဏတာ စိတ်ဒေါသလေးကြောင့် မိသားစု ၊ မိတ်ဆွေနဲ့ စီးပွားဖတ်အချင်းချင်းကို ပြန်လည်တိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်းတွေပြုလုပ်လေ့ရှိကြတာပဲဖြစ်ပါတယ်။ အဆိုပါ လက်နက်ကိုင်မှုတွေထဲမှာ အများဆုံးကြားသိရတာတွေကတော့ ဓားဖြင့် ထိုးနှက်ခြင်း ခုတ်ခြင်းတွေကတော့ အားလုံးကြားသိကြမယ်ထင်ပါတယ်။  

မနေ့က ဖေဖော်ဝါရီလ ၅ရက်နေ့မှာလည်း ခင်ပွန်းဖြစ်သူက မိန်းမဖြစ်သူ မရီးဖြစ်သူနဲ့အတူ အိမ်နီးချင်း အမျိုးသမီးတစ်ဦးကိုပါ ဓားဖြစ်ဝင်ရောက်ခုတ်ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ မော်လမြိုင်မြို့ ကွင်းရပ်ကွက်ပိုင် ဈေးကြိုရတနာထွန်းပွဲရုံရှေ့လမ်းကြား ကိုသာရွှေဝပ်ရှော့နားရှိ နေအိမ်တွင် ယောင်္ကျားဖြစ်သူမှ မိန်းမဖြစ်သူအား ကားနဲ့လာပြီး ဓါးနဲ့လာဝင်ခုတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်ကြောင့် ဓါးဖြင့်လာဝင်ခုတ်သူ၏ မိန်းမဖြစ်သူ မှာ လက်ထိခိုက်ဒဏ်ရာရပြီး ရှော့ဖြစ်ကာ သတိမေ့ခဲ့ပြီး မရီးဖြစ်သူမှာ ဦးခေါင်းပြတ်ရှ ဒဏ်ရာနှင့် ပတ်ဝန်းကျင်အိမ်မှ ဓါးဝင်လုပြီး လာဝင်တားသည့် အမျိုးသမီးတစ်ဦး လက်ပြတ်ရှ ဒဏ်ရာ အနည်းငယ်ရရှိခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

ဖုန်းဆက်အကူအညီတောင်းခံချက်အရ မော်လမြိုင်လူမှုကယ်ဆယ်ရေး RESCUE အဖွဲ့မှ ဒဏ်ရာရသူများအားပြုစုမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံကြီးသို့ ပို့ဆောင်ကူ ညီပေးခဲ့ကာ နယ်မြေခံရဲတပ်ဖွဲ့ထံ အကြောင်းကြားပေးခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်နှင့် ပတ်သတ်၍ မုပွန်နယ်မြေရဲစခန်းမှ ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက် ရှိပြီး တရားခံကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။

Photos - မာံသုခ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။