အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကွန်ဂရက်မှာ နိုင်ငံတော်အခြေပြ မိန့်ခွန်း ပြောကြားခဲ့ပါတယ်လို့သိရပါတယ်။

၎င်းမိန့်ခွန်းထဲမှာတော့ ထရမ့်ဟာ ၁၀ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ HIV နဲ့ AIDS ရောဂါ ကင်းစင်ဖို့အတွက် ကွန်ဂရက်ထံက ရန်ပုံငွေတောင်းခံသွားမယ်လို့ပြောကြားခဲ့ပါတယ်။  

ထရမ့်ဟာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တွေအကြား ဆယ်စုနှစ်များစွာ ကြာမြင့်နေတဲ့ နိုင်ငံရေးအရ ရှေ့မတိုးနောက်မဆုတ် အခြေအနေကို အဆုံးသတ်ကြဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။

ဒါ့အပြင်ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်နဲ့ သူ့အကြား ဆက်ဆံရေးဟာ ကောင်းမွန်ပြီး လာမယ့် ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်သွားမယ်လို့ ကွန်ဂရက်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ထရမ့်ဟာ တရုတ်ကုမ္ပဏီတွေဟာ အမေရိကန်လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ဆယ်စုနှစ်ချီ ဉာဏပစ္စည်းတွေကို ခိုးယူနေတယ်လို့ပြောကြားခဲ့သလို

သူ့အနေနဲ့ အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးသဘောတူညီချက် အသစ်ရဖို့ဆွေးနေနေပြီး ၎င်းသဘောတူညီချက်အသစ်ဟာ တရားမျှတမှုမရှိတဲ့ ကုန်သွယ်ရေး အလေ့အကျင့်တွေကို အဆုံးသတ်ရမယ်လို့ပြောကြားကြောင်း သိရပါတယ်။

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။