ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသမီး အိန္ဒြာကျော်ဇင်ကတော့ အလန်းစား ရိုက်ချက်တွေနဲ့ အတူ လာပြန်ပြီနော်။

လက်ရှိမှာ ကလေးနှစ်ယောက်အမေလို့တောင်မထင်ရတဲ့ အူဝဲဟာ ယခင်ကကြော်ငြာလောကရဲ့ ဖက်ရှင်ဘုရင်မလို့ တင်စားရလောက်တဲ့အထိ မြန်မာပြည်က မင်းသမီးတွေထဲမှာ နာမည်ကျော်လူကြိုက်များခဲ့တာပါ။

ယခုလည်း အူဝဲတစ်ယောက် D&C Myanmar တံဆိပ် စင်ကာပူနိုင်ငံထုတ် အမိုက်စား ဖိနပ်နဲ့ အိတ် ကြော်ငြာအတွက် အလန်းဆုံးပို့စ်တွေနဲ့ လက်ခံရိုက်ကူးပေးနေတယ်လို့သိရပါတယ်။

အမြဲတမ်းဖက်ရှင်ကျကျ လှပနေတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်အတွက်တော့ ဒီလိုကြော်ငြာမျိုးရိုက်လိုက်ရင် အရမ်းကိုချစ်စရာကောင်းပြီး နုပျိုလန်းဆန်းနေမှာပါ။

အူဝဲရဲ့ ကြော်ငြာရိုက်ကွင်းပေါ်က ဓာတ်ပုံလေးတွေကို မိတ်ကပ်မေဦးက သူ့ရဲ့ ဖေ့ဘုတ်မှာ တင်ထားတာကို တွေ့ရပါတယ်။   

သတင်းအရင်းမြစ် May Oo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။