ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ အာရပ်စော်ဘွားများပြည်ထောင်စု UAE မှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ သမိုင်းဝင် ဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့တယ်လို့သိရပါတယ်။

၎င်းဆုတောင်းပွဲကိုတော့ သောင်းနဲ့ချီတဲ့ ကတ်သလစ်ဘာသာဝင်တွေနဲ့ မွတ်စလင်တွေ တက်ရောက်ခဲ့ပါတယ်လို့သိရပါတယ်။ 

ပုပ်ရဟန်းမင်းကြီးကတော့ မတူညီတဲ့ ဘာသာရေးတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ UAE ကိုရောက်ရှိနေ တာဖြစ်သလို မြို့တော် အဘူဒါဘီရှိ ဇေယိကစားကွင်းမှာ ဝတ်ပြုသူ ၁၃၅,၀၀၀ လောက် စုဝေးပြီး ဗာတီကန် အလံတွေ ဝှေ့ရမ်းကာ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။  

ပုပ်ရဟန်းမင်းကြီးဟာ ဘုရားသခင်ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုပြီး ကတ်သလစ် ဘာသာဝင်တွေက ယုံကြည်တာမို့ ပုပ်ရဟန်းမင်းကြီးရဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပါဝင်တာဟာ အလွန်ထူးခြားလှပါတယ်လို့လည်းသိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။