ချယ်လ်ဆီး၊ မန်ယူနိုက်တက်နဲ့ ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဟိုဆေးမော်ရင်ညိုကို အခွန်ရှောင်မှုတွေကြောင့် စပိန်တရားရုံးကနေ ထောင်ဒဏ် (၁၂)လ ချမှတ်လိုက်ပါတယ်။မော်ရင်ဟိုကတော့ရီးရဲမက်ဒရစ်ကိုကိုင်တွယ်တုန်းကအခွန်ငွေ ယူရို (၃.၃)သန်းဝန်းကျင်ကို ရှောင်လွှဲခဲ့တာ ဖြစ်ပါတယ်။စပိန်တရားရုံးကနေ ထောင်ဒဏ် (၁၂)လ ချမှတ်လိုက်ပေမယ့်ထောင်ဒဏ်အကျမခံပဲလျော်ကြေးကိုသာပေးသွားဖို့ရှိနေတာပါ။

မော်ရင်ဟိုကတော့လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေသူတစ်ဦးဖြစ်ပြီးခုလိုအချိန်မှာတရားရင်ဆိုင်ရတာဟာသူ့အတွက်တော့အခက်ခဲတစ်ခုဖြစ်စေမှာပါ။ချမှတ်ခံရတဲ့ ထောင်ဒဏ်ဟာ (၂)နှစ်ထက် လျော့နည်းနေတဲ့အတွက်ကြောင့်စပိန်တရားဥပဒေအရ မော်ရင်ညိုအနေနဲ့ ထောင်ဒဏ်ကျခံရခြင်းကနေ လွတ်ကင်းခဲ့တာဖြစ်ပါတယ်။

(၂၀၁၀)ခုနှစ်ကနေ (၂၀၁၃)ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ယူခဲ့သူ မော်ရင်ညိုက (၂၀၁၁)နဲ့ (၂၀၁၂)ခုနှစ်တွေကြားမှာ အခွန်ရှောင်လွှဲခဲ့တာဖြစ်ပါတယ်။စပိန်နိုင်ငံရဲ့အခွန်ငွေကမြင့်မားတာကြောင့်နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ရော်နယ်ဒို၊မက်ဆီတို့တောင်ဒီလိုဖြစ်ရပ်မျိုးတွေကိုကြုံတွေ့ရတာဖြစ်ပါတယ်။မော်ရင်ဟိုရဲ့ရှေ့နေကတော့တရားရုံးကိုဆက်ပြီးအယူခံဝင်သွားမှာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။