မိန်းကလေးတိုင်းမှာ သဘာဝကပေးတဲ့ အလှတရားတွေနဲ့ ပြည့်စုံပြီးသားပါ။ ဒါပေမယ့် ခေတ်ပြောင်းလဲလာတာနဲ့ အမျှ ဖက်ရှင်တွေ နေထိုင်ပုံတွေကလည်း တဖြည်းဖြည်းနဲ့ပြောင်းလဲ လာကြပါတယ်။ ယခုခေတ်မှာဆိုရင် အမျိုုးသမီးတွေအတွက် အလှအပနဲ့ ကျန်းမာရေးကလည်း အရမ်းကို ခေတ်စားနေတာဖြစ်ပြီး မိန်းကလေးတိုင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေစေဖို့အတွက် အလှဆုံးဖြစ်အောင် နေလာကြပါတယ်။ အထူးသဖြင့် ခေတ်စားလာတာကတော့ လုံးဝန်းပြီး မိန်းကလေးတစ်ယောက်ရှိသင့်ရှိထိုက်တဲ့ ရင်သားတွေပါပဲ။ ယခုခေတ်စကားနဲ့ ဆိုရင်တော့ ကိတ်တာပေါ့နော်။ ဒါကြောင့် ဆေးတွေမသုံးပဲ သဘာဝနည်းအတိုင်း ဘယ်လို ကိတ်အောင် လုပ်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးကို မျှဝေပေးသွားမှာပါ။

- ကိုယ့်ရဲ့ ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ။ တစ်ချို့ အမျိုးသမီးတွေက ခါးကို မတ်မတ်မနေတတ်ကြတာကြောင့် သူတို့ရဲ့ ရင်သားတွေကလည်း ပျောက်နေသလိုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မှန်ရှေ့မှာသွားပြီး ရင်သားကို ခါးကို မတ်မတ်ထားပြီး ရင်ကို အတော်အသင့်ကော့တဲ့ အနေအထားမျိုးကို နေကြည့်ပါ။ လုံးဝခြားနားတာကို မြင်တွေ့ရမှာပါ။

- ကိုယ့်ရဲ့ bra ဆိုဒ်ကို သေသေချာျချာတိုင်ပြီး အဆင်အပြေဆုံးဖြစ်မယ့် bra ကို ဝတ်ပေးရပါမယ်။ အရမ်းကြီးသွားတာမျိုး သေးသွားတာမျိုးတွေ လုံးဝအဆင်မပြေပါဘူးနော်။ ကိုယ်နဲ့ အတော်ဆုံး ဖြစ်မယ့် bra ဆိုဒ်ကို ရွေးချယ်ခြင်းက ကိုယ့်ရဲ့ ရင်သားကို ပင်တင့်ပေးထားတာကြောင့် ကြီးသွားသယောင် ပေါက်စေပါတယ်။

- နောက်တစ်ချက်ကတော့ လူငယ်အများစုလုပ်လေ့ရှိတဲ့ Tissues တွေ သုံးတာပါ။ bra size သေးတဲ့ မိန်းကလေးအများစုက tissues တွေ အသုံးပြုပြီး ကြီးသယောက်ပေါက်အောင် လုပ်တတ်ကြပါတယ်။ ဒီနည်းလမ်းကတော့ မှားယွင်းတဲ့ နည်းလမ်းတစ်ခုပါ။ လုံးဝမလုပ်သင့်ပါဘူး။

- ကိုယ်နဲ့ အရမ်းကျပ်ပြီး ချောင်နေတဲ့ bra တွေဝတ်ခြင်းကလည်း ရင်သားကို့ပုံပြတ်စေနိုင်တာကြောင့် ရှောင်ကျဉ်သင့်ပါတယ်။

- နောက်ပြီး ရင်သားကို နည်းလမ်းမှန်မှန်နဲ့ နှိပ်ပေးမယ်ဆိုရင် ရင်သားကို ပိုပြီး ဖွံဖြိုးလာစေနိုင်ပါတယ်။

ယုံကြည်မှုအပြည့်နဲ့ ချစ်စရာကောင်းတဲ့ အမျိုးသမီးလေးတွေဖြစ်စေဖို့ ဗဟုသုတအနေနဲ့ ဝေးမျှပေးလိုက်ပါတယ်။

Source: wikihow.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။