ရုပ်ဆိုးတဲ့ သူငယ်ချင်းနဲ့တွဲသွားခြင်းက သင့်ကိုပိုဆွဲဆောင်မှုရှိစေနိုင်

သုတေသနပညာရှင်များမှ လူတွေရဲ့ထင်မြင်ချက်က ကိုယ့်ဘေးနားရှိတဲ့ အဖော်အပေါ်မူတည်ပြီး ပြောင်းကြောင်း လေ့လာချက်များအရ သိရပါတယ်။ Royal Holloway , University of London မှ လေ့လာမှုမှာ ပါဝင်ကူညီပေးသူများကို မျက်နှာအမျိုးမျိုးရဲ့ ဓာတ်ပုံတွေပြပြီ သဘောထားစစ်တမ်းကောက်ပါတယ်။ နောက်တစ်ကြိမ်မှာတော့ ဒီပုံကိုဘဲ ပိုရုပ်ဆိုးတဲ့လူနဲ့ တွဲပြီး သဘောထားပြန်မေးတဲ့အခါ ပိုပြီးပိုပိုသာသာ ထင်မြင်ချက်ပေးတာတွေ့ရပါတယ်။ လေ့လာသူ Nicholas Furl ကတော့ ကျွန်တော်တို့တွေနေတဲ့ လူ့အဖွဲ့အစည်းက အလှအပနဲ့ ဆွဲဆောင်မှုမှာ နစ်ဝင်နေကြပါတယ်။ ဒါပင်မဲ့ အလှအပနဲ့ဆွဲဆောင်မှုကို ဘယ်လိုတိုင်းတာပြီး နားလည်အောင်လုပ်ရမလဲကတော့ လေ့လာနေတုန်းပါဘဲ။ ဒီလေ့လာမှု မတိုင်ခင်အထိတော့ လူတစ်ယောက်ရဲ့ စွဲဆောင်နိုင်စွမ်းက ပြောင်းလဲမှု မရှိဘူးလို့ဘဲ ထင်ခဲ့ပါတယ်။ ဒါပင်မဲ့ ဒီလေ့လာမှုအပြီးမှာတော့ ကိုယ့်ဘေးနား ရုပ်ပိုဆိုးတဲ့လူနဲ့ တွဲသွားတွဲလာရင် ကိုယ့်ကိုပိုပြီး စွဲဆောင်မှုရှိတယ်လို့ လူတွေကထင်ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။