အီဂျစ်လွှတ်တော် ကော်မတီက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သဘောတူညီမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူတို့သဘောတူညီခဲ့တာကတော့ အီဂျစ်သမ္မတ အယ်စီစီကို လာမယ့် ၂၀၃၄ ခုနှစ်အထိ အာဏာမြဲစေပြီး တရားစီရင်ရေးအပေါ် သမ္မတ တိုးမြှင့်ထိန်းချုပ်နိုင်စေမယ့် ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကိုပဲဖြစ်ပါတယ်။ 

ဒီသဘောတူညီမှုဟာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး ရှေ့ဆက်လုပ်ဆောင်ဖို့ လိုအပ်တဲ့ ပထမအဆင့်ဖြစ်ပြီး ဒီကနေတဆင့် နောက်ဆုံးမှာ လွှတ်တော်ထောက်ခံမှုရဖို့ မျှော်လင့်ရပါတယ်လို့သိရပါတယ်။  

နောက်ထပ် လအနည်းငယ်ကြာတဲ့အခါမှာဆိုရင်လည်း အီဂျစ်နိုင်ငံအတွင်းမျာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။  

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။