ဒီအမျိုးသမီးလေးရဲ့နာမည်ကတော့ Chairmian Chen ဖြစ်ပြီး သူမဟာ အောင်မြင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ဖို့အတွက် ကျိုးစားနေသူလေးတစ်ဦးပဲဖြစ်ပါတယ်။

ဒီဖြစ်ရပ်လေးဖြစ်ပွားခဲ့တာကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဖြစ်ပြီး သူမဟာ bali မှာရှိတဲ့ Ubed Monkey Forest ကိုသွားရောက်လည်ပတ်စဉ်ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

သူမသွားရောက်လည်ပတ်တဲ့နေရာဟာ မျေက်ကလေးတွေအများရှိတဲ့နေရာဖြစ်သလို ၎င်းမြောက်လေးတွေကလည်း အလည်လာတဲ့သူတွေကို တရင်းတနှီးနဲ့ ကုတ်တက်တာတွေ အနောက်ကလိုက်တာတွေ ပြုလုပ်တတ်တဲ့နေရာတခုပဲဖြစ်ပါတယ်။

၎င်းနေရာကို Chairmain Chen သွားရောက်လည်ပတ်တဲ့အခါမှာဆိုရင်လည်း မျောက်ကလေးတွေက သူမရဲ့ခန္ဓာကိုယ်ပေါ်ကို ကုတ်တက်ရာကနေ အရှက်တွေပေါ်တော့မလိုဖြစ်နေတဲ့ပုံရိပ်လေးဟာ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာခဲ့ပြီး သူမရဲ့ဒီပုံရိပ်လေးတွေဟာလည်း လူအများကြားမှာ တော်တော်လေးရေပန်းစားနေခဲ့ပါတယ်။  

ဒီပုံလေးတွေကို မြင်တွေ့ရတဲ့ အွန်လိုင်းသုံးစွဲသူတွေဟာဆိုရင်လည်း မြောက်ကလေးတွေကို လပ်ကီးမြောက်ကလေးတွေလို့ ခေါ်ဆိုနေကြသလို ဒါဟာ ဟာသဖြစ်ရပ်လေးတစ်ခုဖြစ်တယ်လို့လည်းပြောကြားနေကြပါတယ်။

ဒါ့အပြင် ကာယကံရှင်ဖြစ်တဲ့ Chairmain Chen ဟာဆိုရင်လည်း ဒီပုံလေးတွေကြောင့်ပဲ ထိုင်ဝမ်သူလေးတစ်ယောက်အဖြစ်ကနေ လူအများကြားမှာရေပန်းစားတဲ့ global star ဖြစ်လာခဲ့ပါတယ်။ 

source _ Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။