မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့အောင်သူကတော့ဒီနှစ်ရာသီမှာထိုင်းပရီးမီးယားလိဒ်ကလပ်မြောင်တောင်ယူနိုက်တက်အသင်းမှာပါဝင်ကစားမှာဖြစ်ပါတယ်။ထိုင်းပရီးမီးယားလိဒ်နဲ့မစိမ်းတာကြောင့်ထိုင်းပရိသတ်တွေရဲ့အချစ်တော်လည်းဖြစ်ပါတယ်။မြောင်တောင်ယူနိုက်တက်အသင်းဟာထိုင်းလိဒ်ရဲ့အသင်းကြီးတစ်သင်းဖြစ်တာကြောင့်အောင်သူအနေနဲ့တော့ပွဲထွက်ကစားရဖို့အတွက်အကောင်းဆုံးခြေစွမ်းပြဖို့လိုအပ်နေတာဖြစ်ပါတယ်။

အောင်သူကတော့ေ့မြာင်တောင်အသင်းရဲ့လေ့ကျင့်ခန်းအစီစဉ်တွေရာသီကြိုခြေစွမ်းပွဲတွေမှာဝင်ရောက်ကစားပြီးဂိုးတွေသွင်းယူခဲ့လို့ထိုင်းပရိသတ်တွေရဲ့အချစ်တွေရနေတာပါ။မြောင်တောင်အသင်းမှာလည်းထိုင်းလက်ရွေးစင်ကစားသမားအများစုနဲ့နိုင်ငံခြားသားအများစုပါဝင်တာကြောင့်အောင်သူရဲ့ခြေစွမ်းတွေကအရင်ထက်ပိုတိုးတက်လာတော့မှာဖြစ်ပါတယ်။

ခြေစမ်းပွဲတွေကစားနေတဲ့မြောင်တောင်အသင်းကလည်းမနေ့ကKasetsart Fc နဲ့ခြေစမ်းပွဲကစားခဲ့ပြီး(၉-၁)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီခြေစမ်းပွဲမှာတော့အောင်သူကိုပထမထဲကပွဲမထုတ်ပဲနောက်မှဝင်ရောက်ကစားစေခဲ့တာပါ။ပါဝင်ကစားခွင့်ရတဲ့အချိန်တည်းကအောင်သူကအသင်းဖော်တွေဂိုးသွင်းနိုင်အောင်ပံ့ပိုးပေးနိုင်ခဲ့လို့နည်းပြကချီးကျူးခဲ့ရတာပါ။အောင်သူ့ကိုချစ်တဲ့ပရိသတ်တွေအတွက်လည်းသူရဲ့ခြေစမ်းပွဲထဲကပုံရိပ်Videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Muangthong United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။