သူမကတော့ ဝတ်မှုန်ရွှေရည်(ကစ်ကစ်) မဟုတ်တဲ့ ဖန်သားပြင်ပေါ်မှာ ပရိသတ်တွေကို ရယ်မောစေတဲ့ ဟာသသရုပ်ဆောင်ကစ်ကစ်ပါပဲ ။

ပြင်ပဘဝမှာ အခက်အခဲတွေရှိပေမယ့် ရိုက်ကွင်းပေါ်ရောက်ရင် အလိုလိုမျက်နှာပြုံးရွှင်နေရတဲ့သရုပ်ဆောင်ထဲမှာ ကစ်ကစ် လည်းအပါအဝင်ဖြစ်ပါတယ်။

ဆယ်စုနှစ်တစ်ခုကြာ မြန်မာဇာတ်ကားတော်တော်များများမှာ မကြာခဏတွေ့ရတဲ့ ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်နဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် တစ်ယောက် ခုနောက်ပိုင်းမှာတော့ ကျန်းမာရေးကြောင့် ဒါရိုက်တာတွေရဲ့ လျစ်လျုရှုခြင်းခံနေရပါတယ်။

ကစ်ကစ်ဟာ ဆီးချိုရောဂါ အပြင်းအထန်ခံစားနေရပြီး ကျောက်ကပ်ရောဂါကလည်း နောက်ဆုံးအဆင့်ကို ခံစားနေရပြီး စီးပွားရေးကလည်း သိပ်အဆင်မပြေရှာဘူးလို့ သိရပါတယ်။

ဒ့ါပြင် ရတဲ့အနုပညာကြေးလေးတွေကို အိမ်လခပေးနိုင်ဖို့ ၊ဖတဆိုးသမီးလေးရဲ့ ကျောင်းစရိတ်အတွက်လည်း ပူပန်ကာ ဖန်သားပြင်ပေါ်မှာ နာကျင်မှုကိုမြိုသိပ် ဟန်ဆောင်ကာ ကျိတ်မှိတ်သရုပ်ဆောင်ခဲ့ရပါတယ်။

ကစ်ကစ်ကတော့ သူမရဲ့ အနာဂတ်အရေးနဲ့ပတ်သက်ပြီးတော့ အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။

“အနုပညာအလုပ်တွေကလည်း ကိုယ့်အတွက် အရင်လောက်မကောင်းတော့ဘူး ၊ ကျောက်ကပ်ကလည်း နောက်ဆုံးအဆင့်တဲ့ ၊ ဆီးချို နှစ်ခါဖြစ်ထားလို့ ညာဘက်မျက်လုံးကလည်း ကောင်းကောင်းမမြင်ရဘူး ၊ ကွယ်သလိုဖြစ်နေပြီ ၊ သမီးလေးဆယ်တန်းပြီးရင် ငွေစုပြီးတော့ အလှပြင်ဆိုင်ပြန်ဖွင့်မလားစဉ်းစားမိတယ်” လို့ သူမရဲ့ ဘဝအခြေအနေကို ဖွင့်ဟရှာပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ကစ်ကစ်ရဲ့အခက်အခဲကို စာနာတဲ့အနေနဲ့ သရုပ်ဆောင်စံရတီမိုးမြင့်တို့အဖွဲ့၊ မေတ္တာသင်္ဂဟအဖွဲ့(ရန်ကုန်၊ မန္တလေး)နဲ့ ထွန်းအိန္ဒြာဗိုလ် ၊ တက္ကသိုလ်ဂွမ်းပုံ တို့ လည်း သူမကို လာရောက်ငွေကြေးလှုဒါန်းကြပါတယ်။

နိုင်ငံခြားမှာတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေက မင်းသားမင်းသမီးတွေတန်းတူမဟုတ်တောင် မနည်းလောက်တဲ့ အနုပညာကြေးရပေမယ့်

မြန်မာပြည်လို အခြေအနေမှာတော့ ကန့်လန့်ကာနောက်ကွယ်က ဇာတ်ပို့ဇာတ်ရံ တစ်ချို့ရဲ့ အနုပညာကြေးက မင်းသားမင်းသမီးတွေထက်ကို အတော်လေးနည်းလှပါတယ်။

အန်တီ ကစ်ကစ်တစ်ယောက် ကျန်းမာရေးအမြန်ကောင်းလာအောင် အားပေးဆုတောင်းစကားပြောလိုက်ပါဦး ပရိသတ်ကြီးရေ။  

သတင်းအရင်းမြစ် Paragonia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။