စည်းကမ်းမဲ့မော်တော်ဆိုင်ကယ်မောင်းနှင်မှုတွေကတော့ ပြည်တွင်းနေရာအနှံ့အပြားမှာ အမြဲလိုလိုကြားသိနေရမှာပဲဖြစ်ပါတယ်။ အဆိုပါ စည်းကမ်းမဲ့မောင်းနှင်မှုတွေကို လူဒဏ်၊ ငွေဒဏ်တွေနဲ့ အရေးယူလေ့ရှိပေမယ့်လည်း ပျောက်ကင်းမှုက အနည်းငယ်လောက်သာရှိခဲ့တာတွေ့ရပါတယ်။ ၎င်းစည်းကမ်းမဲ့ မော်တော်ဆိုင်ကယ်ဖမ်းဆီးသူတွေထဲမှာ ပြည်သူတွေလေးစားချစ်ခင်ရတဲ့ ယာဉ်ထိန်းရဲတွေလည်း ရှိနေတာကိုတော့ အားလုံးလည်း သိကြမယ်ထင်ပါတယ်။  

လက်တလော ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ ယာဉ်ထိန်းရဲဝန်ထမ်းတစ်ဦးရဲ့ အပြုအမှုလေးကတော့ ကြုံတွေ့ဖူးသူ ပြည်သူတိုင်းကို လေးစားစေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ရဲဝန်ထမ်းကတော့ ကျောက်ဆည်မြို့ ရန်ကုန်- မန္တလေး လမ်းမပေါ်လက်ပြတိုင်မီးပွိုင့်အနီးတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားခြင်းမရှိ၍ မောင်းနှင်လာသည့် ဆိုင်ကယ်မောင်းသူများ အရေးယူဆောင်ရွက်ခြင်းမပြုဘဲ ဦးထုပ်များ ချက်ချင်းဝယ်ဆောင်းစေပြီးယာဉ်/လမ်းစည်းကမ်း ဆိုင်ရာများဆွေးနွေးပြောကြားကာအသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း တို့ကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ 

စည်းကမ်းမဲ့ပြည်သူတွေကို စည်းကမ်းတကျမောင်းနှင်နိုင်ဖို့နဲ့ လုံခြုံစိတ်ချစေဖို့ကို အဓိကထားပြုလုပ်တက်ပြီး ပြည်သူတိုင်းအတွက် လေးစားစရာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ လက်တလောပြည်သူများစွာလေးစားချစ်ခင်နေရတဲ့ ယာဉ်ထိန်းရဲဝန်ထမ်းတစ်ဦးရဲ့ ပုံရိပ်လေးတေါကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - MANDALAY NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။