တစ်နေ့တာမှာ လူတိုင်းက အလုပ်ကိုယ်စီနဲ့ အားလပ်တဲ့အချိန်ဆိုတာမရှိလောက်အောင် အလုပ်တွေရှုပ်တတ်ကြပါတယ်။ တစ်ယောက်ထဲနေတဲ့ သူတွေဆိုရင် အရမ်းကို သိသာပါတယ်။ အလုပ်ပင်ပန်းပြီး ပြန်လာတဲ့ နေ့မျိုးတွေဆိုရင် ဘာမှကို မလုပ်ချင်တော့လောက်အောင် ပင်ပန်းရတဲ့ နေ့မျိုးတွေလူတိုင်းမှာရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အခန်းကို သန့်ရှင်းဖို့ဆိုတာလည်း တော်ရုံ အချိန်မပေးနိုင်ကြပါဘူး။ တစ်ချို့တွေကလည်း ရှုပ်ရှုပ်လေးနေရတာကိုမှ သဘောကျတာမျိုးတွေရှိကြပါတယ်။ ဒါပေမယ့်လည်း ကြာတဲ့ အခါ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့် ယခုပဲ ဒီစာလေးကိုဖတ်ပြီး ထရှင်းလိုက်ပါတော့နော်။ သင့်ရဲ့ အခန်းကို ဘာကြောင့် ရှင်းသင့်တယ်ဆိုတာကို ပြောပြပေးထားပါတယ်။

(၁) လူတစ်ယောက်က တစ်နေ့ကို ပျမ်းမျှအားဖြင့် ၇ နာရီကနေ ၈ နာရီထိ အိပ်စက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကအရေးကြီးသလို သင်အိပ်စက်တဲ့ နေရာကလည်း အရမ်းကို အရေးကြီးပါတယ်။ သင့်အခန်းက ရှုပ်ပြီး အနံ့အသက်တွေမကောင်းဘူးဆိုရင် သင်အိပ်စက်ဖို့ အဆင်မပြေတဲ့ အပြင် သင်လည်း ကောင်းကောင်းအိပ်စက်နိုင်မှာ မဟုတ်လို့ ကြာလာတဲ့ အခါ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

(၂) လူတိုင်းရဲ့ အိပ်ခန်းမှာ ဗီရို၊ စာအုပ်စင်နဲ့ စတဲ့ ပရိဘောဂတွေများစွာရှိမှာပါ။ သင့် အခန်းက ကျဉ်းတယ်ဆိုရင်တော့ ပိုပြီးတော့ သိသာပါတယ်။ သင်ရဲ့ မသိမ်းရသေးတဲ့ အဝတ်အစားတွေ စာအုပ်တွေက သင့်ရဲ့ အခန်းကို ရှုပ်စေတဲ့ အပြင် သင်လိုအပ်နေတဲ့ ပစ္စည်းတွေကိုလည်း အလွယ်တကူရှာနိုင်တော့မှာ မဟုတ်ပါဘူးနော်။

(၃) အခန်းလေးက သန့်ရှင်းနေမယ်ဆိုရင်တော့ သင့်အတွက် ယခင်ကထက် အချိန်ပိုကုန်မှာ မဟုတ်တော့ပါဘူး။ ယခင်ကဆို ဝတ်ဖို့ အဝတ်အစားတွေ ပြန်ရှာရ ပစ္စည်းတွေပြန်ရှာရနဲ့ သင့်ရဲ့ အချိန်တွေကုန်မှန်းမသိပိုကုန်နေတာဖြစ်ပါတယ်။ ဒါက ကြာလာတဲ့အခါ အလုပ်နောက်ကျတာ မျိုးတွေတောင် ဖြစ်နိုင်တာကြောင့် တကယ့်ကို မကောင်းပါဘူး။

(၄) နောက်တစ်ချက်ကတော့ သင့်မှာ အကျင့်ကောင်းလေးတွေရသွားတာပါ။ မနက်တိုင်းသင့်ရဲ့ အိပ်ယာကို သိမ်းတာ၊ အဝတ်အစားတွေ အသုံးအဆောင်တွေကို သေသေသပ်သပ်ထားခြင်းက သင့်ရဲ့ အမြင်တွေကို ရှင်းစေလို့ သင့်စိတ်ကို ကြည်စေပြီး နောက်ဆိုမရှင်းပဲ မနေနိုင်လောက်အောင် အကျင့်ကောင်းလေးတွေရသွားမှာပါ။

ကဲ... ခုပဲ ရှုပ်နေတဲ့ သင့်ရဲ့အခန်းကို ရှင်းပြီး စိတ်ရှင်းရှင်းလေးနဲ့ အခန်းအသစ်လေးကို ပိုင်ဆိုင်လိုက်ရအောင်ပါ။

Source:leisurelydoesit.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။