Underwater waterfall” illusion at Mauritius island

Mauritius ကျွန်းစုဆိုတာ အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ရှိပြီး မိုင် ၁၂၀၀ အကျယ်အဝန်းရှိပါတယ်။ ဒီကျွန်းရဲ့ ထူးခြားချက်ကတော့ အမြင်မှားသွားလောက်အောင် လှည့်စားထားတဲ့ သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။ ကျွန်းလေးရဲ့ အလှတရားလျှို့ဝှက်ချက်ကတော့ ကျွန်းအောက်မှာ စီးဆင်းနေတဲ့ သဲတွေဟာ ရေအောက်ထဲက ရေတံခွန်ပုံစံမျိုး ဖြစ်နေတာကို ကောင်းကင်ပေါ်က ကြည့်ရင်တွေ့နိုင်ပါတယ်။

Diavik Diamond Mine

ကနေဒါနိုင်ငံမှာ တည်ရှိပြီး စိန်တွေထွက်ရှိတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။ စိန်တွေထွက်ရှိတာကြောင့် စိန်တူးဖော်တဲ့ လုင်ငန်းတွေ လုပ်ကိုင်နေကြပြီး လွန်ခဲ့တဲ့ ၁၅နှစ်ထဲက တူးဖော်လာခဲ့ရာ စိန်ပေါင်း 100 miliion ကာရက်အထိ ထွက်ရှိခဲ့နေပီပဲ ဖြစ်ပါတယ်။ နှစ်အတော်အကြာ တူးဖော်လာခဲ့တာကြောင့် ကျွန်းရဲ့ ပုံစံဟာ ဂလိုင်ပေါက်ပုံစံ ဖြစ်နေပြီး အမြင်တစ်မျိုး ဖြစ်စေပါတယ်။  

Socotra Island

ဒီကျွန်းကတော့ အခြားကမ္ဘာက ကျွန်းတစ်ခုရယ်လို့တောင် လာလည်သူတွေက ညွှန်းဆိုရလောက်တဲ့အထိ ထူးဆန်းမှုတွေရှိနေတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကျွန်းပေါ်မှာ ပေါက်ရောက်နေတဲ့ အပင်တွေဟာ အခြားဘယ်နေရာမှ မတွေ့နိုင်လို့ပဲ ဖြစ်ပါတယ်။ သစ်ပင်ရဲ့ ပုံစံဟာ ထုူဆန်းလွန်းပြီး တမျိုးတမည်လှပနေတာကြောင့် လာရောက်လည်ပတ်သူတွေက ဒီကျွန်းလေးကို အမြဲတမ်းလာရောက်နေကြကဲ ဖြစ်ပါတယ်။  

Source : Did U Know ? 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။