နေ့စဉ်ဖြစ်ပျက်နေတဲ့ လူသတ်မှု၊ အဓမ္မကျင့်မှုတွေထဲမှာ အများဆုံးသားကောင်တွေအဖြစ်ပါဝင်နေတာကတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်လေးတွေပဲဖြစ်ပါတယ်။ အရွယ်မရောက်မီ ဘဝပျက်ခဲ့ရသူတွေနဲ့အတူ သေဆုံးခဲ့ရသူတွေကတော့ မရေမတွက်နိုင်အောင်များစွာရှိနေပြီး ပြည်တွင်းနေရာအနှံ့အပြားမှာလည်း နေ့စဉ်ကြုံတွေ့နေကြတာတွေ့ရပါတယ်။ အဆိုပါ အသက်မပြည့်ကလေးငယ်တွေရဲ့ အဓမ္မကျင့်သတ်ဖြတ်ခဲ့ရမှုတွေထဲမှာ လွတ်မြောက်ခွင့်ပေးခဲ့တဲ့ ဖြစ်ရပ်တစ်ခုကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာပဲဖြစ်ပါတယ်။  

အဆိုပါဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၁၀ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ငါးနှစ်အရွယ်သမီးငယ်လေးတစ်ဦးအား အဓမ္မကျင့်သတ်ဖြတ်သူကို ပြန်လည်လွတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "ဖောင်းပြင်မြို့နယ် မောက်စဖာကျေးရွာမှာ ၁၀.၁.၂၀၁၉ နေ့က အသက် ၅ နှစ်အရွယ် မအိဖြူစင်အောင်ဟာ အဖွားဖြစ်သူက ဝက်စာကျွေးနေချိန် နေအိမ်အပြင်ကို ထွက်သွားရင်း ပျောက်ဆုံးသွားရာကအိမ်နီးချင်းဖြစ်သူ မမာမာဝင်းမှ ပွေ့ချီလာပြီး သူ့အိမ်အနောက်ဘက် ချောက်ထဲမှာ တွေ့ကြောင်း ၁၀ တန်းကျောင်းသားဖြစ်သူကျော်ဝင်းအောင် (အသက် ၂၀) မှ လာပြောသဖြင့်သွားရောက်သယ်လာရာ ကလေးမှာ စကားပြန်မရသဖြင့်ရွာမှာရှိတဲ့ ပရောဂဆရာများနှင့်ပြပြီး လက်လျှော့လိုက်တာကြောင့် သားဖွားဆရာမနှင့်ပြရာကလေးမှာ အသက်မရှိတော့ကြောင်း သိရပါတယ်။ သာမန် ချောက်ထဲကျပြီး သေဆုံးတယ် ထင်ပြီး ကလေးကို သဂြိုလ်ဖို့ ပြင်ချိန်မှာ ကလေးဖိနပ်ကို ချောက်ထဲမှာ သွားရှာရင်း အခြားအမျိုးသားဖိနပ်တစ်ရံနှင့်အတွင်းခံဘောင်းဘီတစ်ထည်ကို အခင်းဖြစ်တဲ့နားမှာတွေ့ရတာကြောင့် ကလေးကို စစ်ဆေးကြည့်ရာအဓမ္မပြုကျင့်ခံထားရကြောင်း သိရတာကြောင့် ဖောင်းပြင်ရဲစခန်းမှာ ၁၁.၁.၂၀၁၉ နေ့ကအမှုဖွင့်ခဲ့" ကြောင်း သိရပါတယ်။ 

ကလေးမလေးကို ချောက်ထဲပြုတ်ကျနေကြောင်း လာအကြောင်းကြားတဲ့အိမ်ရှေ့အိမ်ကညီအစ်ကိုနှစ်ယောက်ကို ရဲကဖမ်းပြီးစစ်ဆေးရာမှာ အစ်ကိုဖြစ်သူက အတွင်းခံဘောင်းဘီဟာ သူ့ညီဘောင်းဘီဖြစ်ကြောင်း ရဲစခန်းမှာထွက်ဆိုခဲ့ပါတယ်။ အဆိုပါ တရားခံအား ရဲက ဆက်လက်ဖမ်းဆီးထားခြင်း မရှိတော့ပဲသက်သေမခိုင်လုံတာကြောင့်၊ ဆယ်တန်းကျောင်းသားဖြစ်လို့ဆိုတဲ့ ပညာရေးဌာနနဲ့ ပြဿနာတက်မယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း ကနဦးသတင်းများအရသိရပါတယ်။ တစ်လနီးပါးရှိခဲ့ပြီဖြစ်တဲ့အဆိုပါဖြစ်စဉ်ရဲ့ တရားခံကို ၃၇၆/ ၃၀၂ နဲ့ တရားစွဲဆိုထားပြီး လက်ရှိတရားခံကိုတော့ လွှတ်ပေးထားကြောင်း ဖောင်းပြင်မြို့ခံတွေက ပြောပြခဲ့ပါတယ်။ မှန်ကန်တိကျတဲ့အဖြေတစ်ခုရရှိနိုင်ဖို့ ဆုတောင်းရင်း ပရိသတ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photos - Shwe Alin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။