ပြီးခဲ့တဲ့ ဖေဖေ်ာဝါရီလ ၆ ရက်နေ့မှာ တူရကီနိုင်ငံက အစ္စတန်ဘူလ်မြို့မှာ အဆောက်အဦးတစ်လုံးပြိုကျခဲ့ပါတယ်။

၎င်းပြိုကြခဲ့တဲ့အဆောက်အဦးကတော့ လူနေ ၈ထပ်တိုက် အဆောက်အဦးတလုံးပဲဖြစ်ပါတယ်။ 

၎င်းပြိုကျအဆောက်အဦးမှာတော့ စုစုပေါင်း အခန်း ၁၄ ခန်းရှိပြီး စုစုပေါင်းလူ ၄၃ ဦးနေထိုင်တယ်လို့သိရပါတယ်။

၎င်းအဆောက်အဦးပြိုကျခဲ့စဉ်မှာတော့ ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးတွေအောက်ကနေ လူသုံးဦးကို အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။  

ဒါ့အပြင် ၎င်းအဆောက်အဦးပြိုကျမှုကြောင့် လူ ၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၆ ဦးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့သိရပါတယ်။  

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။