ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကတိပြု ပြောကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဆိုဗီယက်တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ အငြင်းပွားကျွန်းစုတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးစာချုပ် ဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။  

ဒါ့အပြင် ၎င်းဝန်ကြီးချုပ်ကတော့ လာမယ့်ဇွန်လ G-20 ထိပ်သီးဆွေးနွေးပွဲမှာ ရုရှားသမ္မတ ပူတင်နဲ့ ဆွေးနွေးဖို့ရှိသလို ပိုင်နက်အငြင်းပွားမှု ပြဿနာ ဖြေရှင်းပြီးတာနဲ့ ငြိမ်းချမ်းရေးစာချုပ် ရေးထိုးဖို့ ဆက်လက်ကြိုးပမ်းမယ်ဆိုပြီး ပြောကြားခဲ့သေးတယ်လို့သိရပါတယ်။  

လက်ရှိအချိန်မှာဆိုရင်လည်း ရုရှားနဲ့ ဂျပန်ဟာ အညင်းပွားဖွယ်ရာ ကျွန်းတစ်ကျွန်းကြောင့် စစ်ပွဲပြီးဆုံးတဲ့ အထိမ်းအမှတ်ငြိမ်းချမ်းရေးစာချုပ် အခုချိန်ထိ မချုပ်ဆိုကြသေးပါဘူးလို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။