ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ လျှို့ဝှက်ဆန်းကြယ်တွေ့ရှိခဲ့တဲ့ ထူးထူးဆန်းဆန်း သေးငယ်သော ဂြိုလ်သားကြွက်ကလေးအကြောင်းပဲဖြစ်ပါတယ်။ ထိုကြွက်ပေါက်စ သေးသေးလေးကို မီးဖိုးချောင်အတွင်း ရှာဖွေတွေ့ရှိပြီးနောက် ထိတ်လန့်တကြား ဖြစ်ခဲ့တယ်လိုလည်းဆိုပါတယ်။ ကျွမ်းကျင်ပညာရှင်များကတော့ ဒီအဖြစ်အပျက်ကိုသေချာစွာ သိရှိနိုင်ဖို့ ရုန်းကန်လှုပ်ရှားနေကြပြီဖြစ်ပါတယ်။ ပရိသတ်ကြီးရေ တစ်ကယ့်ကို ထိတ်လန့်ခြောက်ခြားစရာ ထူးဆန်းမှုတစ်ရပ်ပဲဖြစ်ပါတယ်။

ပရိသတ်ကြီးတို့ မြင်တွေ့ရတဲ့ အတိုင်း ရှည်လျားပါးလွှားသောအမြီးနှင့်အတူ အသေးစားပတ်ပတ်လည် အလောင်းအလျာ ဂြိုလ်သားကြွက်ကလေးတစ်ကောင်ပဲဖြစ်ပါတယ်။ ထိုပုံရိပ်လေးတွေဟာဆိုရင်တော့ နယူးဇီလန်မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုထဲမှာ တွေ့မြင်နိုင်ပါပဲဖြစ်ပါတယ်။ အဆိုပါတွေ့ရှိသူ အမျိုးသားနှင့် အမျိုးသမီး မှတ်တမ်းတင်ရိုက်ကူးထားတဲ့ အဆိုပါ ဗီဒီယိုလေးဟာဆိုရင်တော့ ကြည့်ရှုအားပေးသူ ၃၀၀၀ ကျော်ရှိခဲ့တာဖြစ်ပါတယ်။

နယူးဇီလန် ထိန်းသိမ်းရေးဦးစီးဌာနမှ သိပ္ပံအကြံပေးနှင့် အင်းဆက်ပိုး ကျွမ်းကျင်သူ Eric Edwards ဆိုသူက "ထိုကြွက်ကလေးတွေရဲ့ ခန္ဓာကိုယ်ဟာ သူတို့ရဲ့အမှီးလောက် အရေးမကြီးဖူးလို့" လည်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီသတ္တဝါလေးတွေ၏ ဝိသေသလက္ခဏာဟာဆိုရင်လည်း သေချာစွာလေ့လာဆုံးဖြတ်ဖို့အခက်အခဲရှိတယ်လို့လည်း အစီရင်ခံထားတာဖြစ်ပါတယ်။ Myanmarload ပရိသတ်ကြီးအတွက် အခုလို နိုင်ငံတကာက ထူးထူးခြားခြား ဖြစ်ရပ်ဆန်းတွေကို ဗဟုသုတဖြစ်ဖွယ် သိမှတ်စရာတစ်ခုအနေနဲ့ ထုတ်ဖော်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

Source Mirror News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။