လေယာဉ်ပျက်ကျမှုနဲ့တူတူပါသွားခဲ့တဲ့ကာဒစ် အသင်းရဲ့ တိုက်စစ်မှုးသစ် အမ်မလီယာနိုဆာလာကတော့သေဆုံးသွားခဲ့ပြီဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါပြီ။အဆိုပါ

သတင်းကိုတော့မနက်အစောပိုင်းကရဲတပ်ဖွဲ့ဝင်တွေကအတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မနေ့ကလေယာဉ်အပျက်အစီးတွေကြားထဲကနေအလောင်းတစ်လောင်းတွေ့ရှိခဲ့ပြီးဒီနေ့မနက်မှာတော့

မိသားစုတွေကိုလည်းအသိပေးပြီးသေဆုံးကြောင်းအတည်ပြုခဲ့တာပါ။

အဆိုပါသတင်းကြောင့်ပရိသတ်တွေလည်းတော်တော်စိတ်မကောင်းဖြစ်ခဲ့ကြတာပါ။သူ့ရဲ့ရုပ်အလောင်းမတွေ့ခင်တုန်းက

ပရိသတ်တွေကသူ့အသက်ရှင်နေမယ်ဆိုတဲ့မျှော်လင့်ချက်လေးထားခဲ့ပေမယ့်ယခုမှာတော့

သူ့ကိုချစ်တဲ့သူတွေကိုသူထားခဲ့ပြီးအပြီးထွက်သွားခဲ့တာပါ။ပရိသတ်တွေနဲ့ချစ်ရတဲ့သူတွေကလည်း

ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရတဲ့ဆာလာအတွက်စိတ်မကောင်းဖြစ်ခဲ့တာပါ။

သူကတော့ဇန်နဝါရီလ၂၁ရက်နေ့ကပြင်သစ်နိုင်ငံနန့်တက်စ်မြို့မှ အင်ဂျင်တစ်လုံးထိုးလေယာဉ်ငယ်ဖြင့် ပျံသန်းလာစဉ် အင်္ဂလန်ရေလက်ကြား ဂွါရန်ဆေးကျွန်း အနီးရေဒါတွင် လေယာဉ်ပျောက်ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။အဲ့အချိန်တည်းကရှာဖွေမှုတွေကိုကြိုးစားရှာဖွေခဲ့ပေမယ့်ရာသီဥတုဆိုးရွားမှုတွေကြောင့်

အချိန်ကြာနေခဲ့ပြီးခုမှသာတွေ့ရှိခဲ့တာဖြစ်ပါတယ်။သူ့ကိုချစ်တဲ့ပရိသတ်တွေလည်းသူ့အတွက်

ဆုတောင်းမှုတွေလုပ်ပေးရင်းနဲ့သူ့ရဲ့အမှတ်တရသွင်းဂိုးလေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။