လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံရဲ့ ရာသီဥတုအခြေအနေဟာ ဆိုးရွားတဲ့အနေအထားတစ်ခုမှာ ရှိနေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တုန်းကဆိုရင်လည်း အမေရိကန်နိုင်ငံ ယူတားပြည်နယ် Salt Lake Valley က လူနေဒေသတွေမှာ ဆီးနှင်း အလွန်အမင်း ကျဆင်းနေပါတယ်။ 

ဒါ့အပြင် တူးလ်မြို့မှာဆိုရင်လည်း ဆီးနှင်းထု ၂ ပေကျော် ကျဆင်းနေတာမို့ နေထိုင်သူတွေဟာ နှင်းရှင်းယာဉ်တွေကို အသုံးပြုနေရပါတယ်။ အခုလိုနှင်းကျဆင်းမှုဟာ တူးလ်မြို့မှာ ၁၉၈၆ ခုနှစ်တုန်းက စံချိန်တင် ဆီးနှင်းကျမှုထက် နှစ်ဆ ပိုကျဆင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ဒါ့ကြောင့် ဆီးနှင်းရှင်းလင်းတဲ့အဖွဲ့တွေကလည်း အများပြည်သူ အသုံးပြုတဲ့ လမ်းမတွေမှာ မနက်ခင်း ဆီးနှင်းတွေ ရှင်းလင်းစေဖို့ ညလုံးပေါက် အလုပ်လုပ်ကိုင်ပေးနေရပါတယ်လို့သိရပါတယ်။  

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။