ချစ်ပရိသတ်ကြီးရေ နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ တိုင်းရင်းသူလေး သက်မွန်မြင့်ကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့အမူရာလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမူကို အပြည့်အဝရထားတဲ့ နာမည်ကျော်အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။သူမဟာ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကြောင့် မင်းသမီးအဖြစ်နဲ့ ယခုအချိန်ထိအောင်မြင်မှုကို ထိန်းထားနိုင်ကာ အနုပညာလောကမှာ ဆက်လက်ရပ်တည်နေတာပဲဖြစ်ပါတယ်။

ဖြူစင်တဲ့အပြုံးအလှပိုင်ရှင်လေး သက်မွန်မြင့်ကတော့ အနေအေးပြီး သိမ်မွေ့စွာနေထိုင်တတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ သူမက ခင်ပွန်းနဲ့အတူ အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းနေထိုင်နေသလို အနုပညာအလုပ်တွေကိုလည်း အကောင်းဆုံးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်များစွာရရှိထားတဲ့ မင်းသမီးချောလေးဆိုလည်းမမှားပါဘူး..။

ချစ်သက်ဟာ မကြာခင်ကမှ သူရဲ့ ဖေ့ဘွတ်ကနေ I phone XS ကိုပရိသတ်တွေတွက်မဲဖောက်ပေးရန် ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ဒီနေ့လေးမှာတော့ i phone xs ကံထူးရှင် ကို သူကိုယ်တိုင်ဖေ့ဘွတ်အကောင့်ကနေ live လွှင့်ကာ ပရိသတ်တွေရှေ့မှာရွှေးချယ်ပေးခဲ့တာဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် ချစ်သက်ရဲ့ ကံထူးရှင် ရွှေးချယ်ပေးထားတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Source:Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။