လေယာဉ်ပျက်ကျမှုနဲ့တူတူပါဝင်သွားခဲ့တဲ့ ကာဒစ်အသင်းရဲ့တိုက်စစ်မှူးသစ်ဆာလာကတော့သူချစ်ရတဲ့သူတွေနဲ့ပရိသတ်တွေကိုထားပြီးအပြီးထွက်သွားခဲ့ပါပြီ။ပရိသတ်တွေကယနေ့ထိတိုင်မယုံကြသေးတာဖြစ်ပါတယ်။မနေ့ကတော့လေယာဉ်အပျက်စီးတွေကြားထဲကနေရုပ်အလောင်းတစ်ခုကိုရှာတွေခဲ့တာဖြစ်ပြီးဒီနေ့မှာတော့ရုပ်အလောင်းဟာဆာလာရုပ်အလောင်းဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်းမှာတော့ဆာလာရဲ့ရုပ်အလောင်းကိုယူလာခဲ့ပြီးမိသားစုဝင်တွေပါခေါ်ယူထားခဲ့ကြတာပါ။အဆိုပါသတင်းကြောင့်ပရိသတ်တွေလည်းတော်တော်စိတ်မကောင်းဖြစ်ခဲ့ကြတာပါ။သူ့ရဲ့ရုပ်အလောင်းမတွေ့ခင်တုန်းကပရိသတ်တွေကသူ့အသက်ရှင်နေမယ်ဆိုတဲ့မျှော်လင့်ချက်လေးထားခဲ့ပေမယ့်ယခုမှာတော့သူ့ကိုချစ်တဲ့သူတွေကိုသူထားခဲ့ပြီးအပြီးထွက်သွားခဲ့ပါပြီ။

ဒီလိုအဖြစ်ဆိုးတွေကြောင့်တစ်ကမ္ဘာလုံးကပရိသတ်တွေကလည်းစိတ်မကောင်းတွေဖြစ်ပြီးသူ့အတွက်ဆုတောင်းပေးနေကြတာပါ။သူမွေးထားတဲ့ခွေးလေးကလည်းသူ့ပြန်လာဖို့စောင့်နေတာဖြစ်ပြီးခုမှာတော့သူ့ရဲ့ခွေးလေးဆီကိုလည်းပြန်မလာနိုင်တော့ပါဘူး။အဆိုပါပုံရိပ်တွေကြောင့်လည်းပရိသတ်တွေကပိုစိတ်မကောင်းဖြစ်နေကြတာပါ။သူ့ပရိသတ်တွေအတွက်လည်းသူ့ရဲ့နောက်ဆုံးအလောင်းကိုသယ်ယူခဲ့တဲ့ ပုံရိပ်လေးတွေနဲ့သူ့ရဲ့အမှတ်တရလေးတွေကိုလည်းတင်ဆက်ပေးပြီးဆုတောင်းပေးလိုက်ကပါတယ်။

source:Goal en Español

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။