ယနေ့ခေတ်မှာ စက်ပစ္စည်းတွေသာမက လူတွေရဲ့ အနေအထိုင်တွေ ကလည်း တဖြည်းဖြည်းနဲ့ပြောင်းလဲ လာခဲ့ပြီဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်နဲ့ အညီ အရောင်အသွေးစုံလင်တဲ့ အစားအစာတွေကလည်း ပေါများလာတာကို မြင်တွေ့ရမှာပါ။ အရောင်လေးတွေလှနေတဲ့ စားချင်စရာကောင်းတဲ့ အစားအစာတွေရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓာတု ဆေးဝါးတွေက အရိပ်မဲကြီးလိုလိုက်နေတာ ပဲ ဖြစ်ပါတယ်။ ဒီနေ့ကတော့ အစားအစာတွေကို အရောင်အသွေးလေးတွေလှနေအောင် ဖန်တီးပေးတဲ့ ဆိုးဆေးအတုတွေက သင့်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ထိခိုက်စေလည်း ဆိုတာကို ဖော်ပြပေးသွားမှာပါ။

- အဝါရောင် နံပါတ်-၅ အဆင့်ရှိတဲ့ ဆိုးဆေးတွေက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကို ထိခိုက်စေပြီး ဓာတ်မတည့်မှုတွေကို ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ များသောအားဖြင့် အဝါရောင် ဆိုးဆေး တွေကို ချိုချဉ် နဲ့ သရေစာအများစုမှာ တွေ့ရပါတယ်။

- ဆိုးဆေးအတု အသုံးပြုထားတဲ့ အစားအစာတွေက သင့်ရဲ့ နောင်လာမယ့် မျိုးရိုး ဗီဇကို ပျက်စီးစေနိုင်ပါတယ်။ ဒါ့ပြင် ဆိုးဆေး အတုတွေကို တိရစ္ဆာန်တွေနဲ့ အစားထိုး လေ့လာ စမ်းသပ်လိုက်တဲ့ အခါကင်ဆာဆဲလ်တွေ ဖြစ်ပွားလာတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

များသောအားဖြင့် တရုတ်က ထုတ်လုပ်တဲ့ မုန့်တွေအများစုမှာ ကျန်းမာရေးထောက်ခံချက်မပါဝင်တဲ့ ဆိုးဆေးအတုတွေများစွာ ပါဝင်တာကြောင့် အစားအစာတွေကို သေချာဝယ်ယူစားသုံးသင့်ပါတယ်။ ဒါ့ပြင် FDA စစ်ဆေးချက်ပါဝင်တဲ့ အစားအစာတွေက သင့် ကျန်းမာရေးကို ပိုပြီး စိတ်ချစေနိုင်လို့ FDA စစ်ဆေးချက်ပါဝင်တဲ့ အစားအစာတွေကို ဝယ်ယူ စားသုံးသင့်ကြောင်း အကြံပြုချင်ပါတယ်။

Source: eczemawarriors.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။