ဆံပင်ဆိုတာ အမျိုးသမီးအတွက်ကော အမျိုးသားတွေအတွက်ပါ တန်ဖိုးထားရတဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့ ခေါင်းပေါ်မှာ လှပတဲ့ ဆံကေသာတွေရှိနေမှာ ဆွဲဆောင်မှုရှိနိုင်မှာ မဟုတ်ပါလား။ ဒါဆိုရင်တော့ သင့်ရဲ့ ဆံပင်ကို ဂရုစိုက်ဖို့ အရမ်းကို အရေးကြီးပါတယ်။ နေ့စဉ်နေတိုင်း လူတိုင်းရင်ဆိုင်နေရတဲ့ အဓိက ပြဿနာတွေထဲမှာ ဆံပင်ကျွတ်ခြင်းလည်း ပါဝင်နေပါတယ်။ သာမန်ထက်ပိုပြီး ဆံပင်ကျွတ်တာတွေများလာတဲ့ အခါ ဆံပင်တွေပါးလာပြီး နောက်ဆုံး ဦးခေါင်းထိပ်ဘက်မှာ ဆံပင်တွေမရှိတော့သည်ထိအောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ သင် တန်ဖိုးးထားရတဲ့ ဆံပင်တွေကို ကျွတ်စေတဲ့ အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။

- သင့်ရဲ့ တစ်နေ့တာမှာ စိတ်ဖိစီးမှုတွေများနေခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ ဆံပင်တွေကို ယခင်ကထက်ပိုပြီးတော့ ဆုံးရှုံးရနိုင်ပါတယ်။ နေမကောင်းဖြစ်နေတဲ့ အခါမျိုးတွေမှာဆိုရင် စိတ်ရွှင်လန်းမှုမရှိတာကြောင့် ဆံပင်တွေကို ပိုပြီးတော့ ကျွတ်စေနိုင်ပါတယ်။

- အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ဆောင်တဲ့ အချိန်တွေမှာ လိုတာထက်ပိုပြီး ဆံပင်တွေကျွတ်ခြင်းကို ဖြစ်ပွားစေပါတယ်။

- ခန္ဓာကိုယ်ထဲမှာ လိုအပ်တာထက်ပိုပြီး ဗီတာမင် A ဓာတ်များနေခြင်းကလည်း သင့်ရဲ့ ဆံပင်တွေကို ပိုပြီး ကျွတ်စေနိုင်ပါတယ်။

- ပရိုတင်းဓာတ်နည်းရင်လည်း ဆံပင်တွေကိုပိုပြီးကျွတ်စေတာကြောင့် ပရိုတင်းဓာတ်ကို ဖြည့်ပေးနိုင်မယ့် အစားအစာတွေကို ပိုပြီး စားသုံးသင့်ပါတယ်။

- ယောကျာ်းလေးတွေမှာဆိုရင် အသက်ကြီးလာတာနဲ့ အမျှဟော်မုန်း ပြောင်းလဲမှုတွေကြောင့် ဆံပင်တွေကို ကျွတ်စေပြီး ထိပ်ပြောင်တာမျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

- သင်က သွေးအားနည်းတတ်တဲ့ သူမျိုးဆိုရင်လည်း ဆံပင်တွေ ပိုပြီး ကျွတ်နိုင်တာကြောင့် သံဓာတ်ကို အားဖြည့်ပေးနိုင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

- နောက်ဆုံးတစ်ချက်ကတော့ ဖိုမ သဘာဝ ပေါင်းစပ်မှုကြောင့် ပြောင်းလဲလာတဲ့ ဟောမုန်းတွေက သင့်ရဲ့ ဆံပင်တွေကို ကျွတ်စေနိုင်လို့ ဆံသားကို ဂရုစိုက်ပေးဖို့ အကြံပြုခြင်းပါတယ်။

Source:

health.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။