အသည်းကင်ဆာက လူတိုင်းနီးပါး ခံစားရနိုင်တဲ့ ရောဂါတစ်မျိုးမဟုတ်ပေမယ့် ဖြစ်လာပြီးဆိုရင်လည်း နာတာရှည်ရောဂါဝေဒနာတွေကို ခံစားရတဲ့ အပြင် အသက်ကိုလည်း ဆုံးရံှုးရနိုင်ပါတယ်။ အသည်းဆိုတာ ခန္ဓာကိုယ်တစ်ခုရဲ့ အရေးကြီးတဲ့ အတွင်းပိုင်း Organ တစ်ခုပါပဲ။ ဒါကြောင့် အသည်းကင်ဆာ မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာကို ဗသုတအဖြစ်ပြန်လည် ဝေမျှပေးချင်ပါတယ်။

ဒါဆို အသည်းကင်ဆာရဲ့ လဏ္ခာတွေက ဘာတွေလည်း ဆိုတာကို အရင်ဆုံးပြောပြပါမယ်။ အသည်းကင်ဆာ ဖြစ်ပြီဆိုရင်....

- ပျို့အန်ခြင်း

- အစားစားချင်စိတ်ပျောက်ဆုံးလာခြင်း

- ခန္ဓာကိုယ်အလေးချိန်လျော့ကျခြင်း

- ခြေတွေ လက်တွေ ဖူးရောင်လာခြင်း

- မောပန်းနွမ်းနယ်လွယ်ခြင်း

- အဝါရောင် အသားအရေ ပြောင်းလဲ လာခြင်း

- မျက်ကြည်လွှာ ဖြူဖျော့လာခြင်း

- ဝမ်းဗိုက် နဲ့ အသည်းရှိတဲ့ နေရာတစ်ဝိုင်ရောင်ရမ်းလာခြင်း တို့ကို ခံစားနေရပြီဆိုရင် အသည်းရောဂါဖြစ်နိုင်ခြေ ၉၉ % ရှိနေပါပြီ။

ဘယ်လို ကာကွယ်ရမလဲ?

- သင်က အရက်ကို စွဲစွဲလမ်းလမ်း သောက်တတ်တဲ့ သူဆိုရင်တော့ လုံးဝမသောက်သင့်တော့ပါဘူး။ အရက်က အသည်းတွေကို ပျက်စီးစေတဲ့ Cirrhosis ကို ကူညီပေးတာကြောင့် ကင်ဆာဆဲလ်တွေကို ပိုပြီးတော့ ပြန့်ပွားစေနိုင်ပါတယ်။

- သင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ သင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကလည်း အသည်းကင်ဆာ ဖြစ်ပွားမှုနဲ့ ဆက်စပ်နေတာကြောင့် ခန္ဓာကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။

- အသည်းနဲ့ ပတ်သတ်တဲ့ အားဆေးနဲ့ အစားအစာတွေကို စားသုံးပေးပါ။

- အသည်းရောင်နာ C နဲ့ B ပိုးရှိမရှိကိုလည်း ဆရာဝန်ဆီမှာ သေချာ သွားရောက်စစ်ဆေးပါ။

- လိင်ပိုင်းဆိုင်ရာ ကာကွယ်မှုတွေကိုလည်း အထူးဂရုစိုက်ပါ။

- အလှအပဆိုင်ရာခွဲစိတ်ပြုပြင်မှုတွေကိုလည်း ရှောင်ကျဉ်ပါ။

- အသည်းကို ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လုပ်ပေးပါ။

- ဆရာဝန်ကြီးတွေဆီမှာ အသည်းကင်ဆာ ကာကွယ်ဆေးသွားရောက်ထိုးပါ။

သင့်မှာ အသည်းကင်ဆာ ဖြစ်နေပြီဆိုတာကို နောက်ကျမှ သိရမယ်ဆိုရင်တော့ အသည်းအစားထိုး ကုသနိုင်ပေမယ့် မြန်မာနိုင်ငံမှာ အကုန်အကျများတာကြောင့် အသက်ရှင်ဖို့က ၃၀%လောက်သာရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရင်းသာယာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ။

Source: diarystore.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။