သွားတိုက်တယ်ဆိုတာ ငယ်စဉ်ကတည်းက သင့်ရဲ့ တစ်နေ့တာမှာ အမြဲလုပ်ဆောင်ရတဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ သွားတိုက်တာဟာ သင့်ရဲ့ သွားလေးတွေ ဖြူဖွေးပြီး လှပနေဖို့တစ်ခု ထဲ အတွက် ပဲ မဟုတ်ပါဘူး။ နေ့စဉ်သွားတိုက်ခြင်းက ခံတွင်းရနံကို ရှင်းစေပြီး ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်းသွားတိုက် နေပေမယ့်လည်း ဘာလို ခံတွင်းနံဆိုးနေရသေးတာလည်း ဆိုတာ သိချင်ကြမယ်လို့ ထင်ပါတယ်။ ယခုပြောပြပေးမှာကတော့ သွားကို ဘယ်လိုစနစ်တကျတိုက်ရင် ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ဘယ်လို ပိုင်ဆိုင်နိုင်မယ်ဆိုတာကို ပြောပြပေးထားတာဖြစ်ပါတယ်။

- ပထမဦးဆုံး အနေနဲ့ သင့်ရဲ့ သွားပွတ်တံကို သေချာ ရွေးချယ်ဝယ်ယူရပါမယ်။ သွားပွတ်တံက Brushတွေက ကြမ်းနေမယ်ဆိုရင် သင့်ရဲ့ သွားကို ထိခိုက်စေနိုင်တာကြောင့် နူးညံတဲ့ brush အမွှေးလေးတွေပါဝင်တဲ့ သွားတိုက်တံကို ဝယ်ယူသင့်ပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင် Electric သွားပွတ်တံတွေကလည်း ခေတ်စားလာပြီဖြစ်တာကြောင့် ပိုပြီးတော့ အဆင်ပြေပါတယ်။

ဒါဆို သွားကို ဘယ်လို နည်းလမ်းမှန်အောင် တိုက်ကြမလဲ...

- ပထမဆုံးသွားကို တိုက်တော့မယ်ဆိုရင် ၄၅ ံ ပတ်ပတ်လည်ဖြစ်အောင် သွားကို တိုက်ပေးရပါမယ်။

- ပြီးရင်တော့ သွားပွတ်တံကို အလျားလိုက်အလိုက်ပဲ အထက်အောက်တိုက်ပေးရပါမယ်။

- သွားပွတ်တံကို ဘယ်ဘက်နဲ့ ညာဘက် သွားဖုံးနေရာတွေထိရောက်အောင် အပေါ်အောက်သေချာတိုက်ပေးရပါမယ်။

- သွားပွတ်တံကို ဒေါင်လိုက်အနေအထားနဲ့ အပေါ်ဘက် နေရာကို တိုက်ပေးရပါမယ်။

- ပြီးရင်တော့ လျှာကို ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပြီးရင်တော့ သင့်ရဲ့ သွားတိုက်နည်းစနစ်က မှန်ကန်သွားပါပြီ။

ဒါပြင့် သွားလေးတွေကို ဖြူစင်ချင်တယ် ဆိုရင်တော့ တစ်နေ့ကို မနက်နဲ့ ညအိပ်ယာမဝင်ခင်တိုင်းမှာ သွားကို ပုံမှန်တိုက်ပေးရမယ့် အပြင် အစားစာပြီးတိုင်လည်း ပလုတ်ကျင်းပေးဖို့လိုအပ်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ရဲ့ သွားလေးတွေက ဖြူဖွေးသန့်စြင်ပီး အဖြူရောင်အပြုံးလေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Source: www.wikihow.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။