ပရိသတ်ကြီးကိုဒီတစ်ပါတင်ဆက်ပေးမှာကတော့ "Tabatha Andrade" လို့ခေါ်တဲ့ခပ်ချောချော ခပ်မိုက်မိုက်ကောင်မလေးရဲ့ အစားအသောက်အပေါ် အရူးအမူးနှစ်သက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ သူမရဲ့ အသက်ကတော့ ၂၀ရှိပြီး သြစတေးလျနိုင်ငံမှာနေထိုင်တာဖြစ်ပါတယ်။ သူမဟာဆိုရင် KFC ကြက်ကြော်ကိုအလွန်ကြိုက်နှစ်သက်ကြောင်းကို အဓိပ္ပာယ်ပြည့်စုံစွာ နက်နက်ရှိုင်းရှိုင်း ဖော်ပြရန် တက်တူးထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

သူမ၏ မိဘများနှင့်လည်း တက်တူးထိုးရသည့်စိတ်ကူးကိုဆွေးနွေးခဲ့ပြီး ကန့်ကွက်ခဲ့ကြတာဖြစ်ပါတ်ယ။ Tabatha Andrade သသည် သူမ၏ ဆုံးဖြတ်ချက်ကို ရအောင်အကောင်အထည်ဖော်သွားတာဖြစ်ပါတယ်။ ထိုကဲ့သို့ နက်ရှိုင်းစွာအဓိပ္ပါယ်ရှိပြီး သူမအတွက်အလွန်ကို အရေးပါကြောင်း ဖော်ပြခဲ့တဲ့ ထိုတက်တူးကြောင့်လည်း လက်မှတ်ရေးထိုးဖို့ သတိပေးခံခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

KFC ကိုငယ်စဉ်ကတည်းက အလွန်ကြိုက်နှစ်သက်ပြီး အခုချိန်ထိ စွဲစွဲမြဲမြဲစားသုံးပြီး ရူးသွပ်ခဲ့တာဖြစ်ပါတယ်။ အမြန်ပြင် အစားစာဖြစ်တဲ့ ထို ကြက်ကြော်ကို အများကြီး မစားသင့်ကြောင်း တိုက်တွန်းသော်လည်း အရာမထင်ခဲ့တာဖြစ်ပါတယ်။ ထို "Tabatha Andrade" ဆိုသူက "ငါသည် Kendall Jenner ရဲ့ နှုတ်ခမ်းပေါ်မှာလုပ်ထားတာကို စိတ်ကူးရှိပြီးလိုက်လုပ်ခဲ့တာ" လို့လည်းဆိုခဲ့ပါတယ်။ "ကျွန်မအိမ်ပြန်လာသောအခါအကျွန်ုပ်၏မိဘများပြပြီး၊ သူတို့ကအတုထင်ခဲ့ပါတယ်" လို့ရယ်မောစွာဆိုထားတာဖြစ်ပါတယ်။ "ငါ့အောက်နှုတ်ခမ်းလေးဆွဲချပြီး ပြုံးပြလိုက်ရင် လူတွေက ငါ့ကို အံ့သြစွာကြည့်ပြီး နှစ်သက်တဲ့အတွက်ကြောင့်မလို့ ငါဟာ အမြဲရယ်မောနေတာလို့လည်း" ဆိုထားပါတယ်။ Myanmarload ပရိသတ်ကြီးအတွက် နိုင်ငံတကာက ထူးခြားဆန်းပြား အံံ့သြဖွယ်အကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ် သိမှတ်စရာတစ်ခုအနေနဲ့ တင်ဆက်ဖော်ပြပေးနေတာဖြစ်ပါတယ်။

Source Mirror News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။