အာဂျင်တီးနားတိုက်ကွမ်ဒိုအားကစားသမားမက်ဆီမီလီယာနိုအယ်လ်မန်ဒိုဟာသမီးဖြစ်သူရဲ့မွေးနေ့ပွဲလေးကိုခမ်းနားစွာကျင်းပပေးနိုင်ရန်ကျောက်ကပ်တစ်လုံးရောင်းချခဲ့တယ်လို့သိရပါတယ်။

အသက်(၄၀)အရွယ်ရှိပြီးဖြစ်တဲ့မက်ဆီမီလီယာနိုအယ်လ်မန်ဒိုဟာချီလီနှင့်ဥရုဂွေးနိုင်ငံများတွင်နိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကာရွှေတံဆိပ်များစွာရယူထားနိုင်တဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

သို့ပေမယ့် အယ်လ်မန်ဒိုဟာသမီးဖြစ်သူရဲ့အသက်(၁၅)နှစ်ပြည့်မွေးနေ့ပွဲလေးကိုခမ်းနားစွာကျင်းပေးချင်ပေမယ့် သူ့မှာ ငွေကြေးလုံလောက်မှုမရှိတာကြောင့် ကျောက်ကပ်တလုံးကိုရောင်းချဖို့အတွက် ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။  

အယ်လ်မန်ဒိုနှင့်သူရဲ့မိသားစုဟာအားကစားမှရရှိသည့်ဝင်ငွေမှာလုံလောက်မှုမရှိတာကြောင့်အပြင်အလုပ်များမှရရှိတဲ့တစ်လဝင်ငွေဒေါ်လာ(၈၀၀)ခန့်ကိုသာမီခိုအားထားရပ်တည်နေရတာပဲဖြစ်ပါတယ်။

ဒီဝင်ငွေလောက်နဲ့က စားဝတ်နေရေးအတွက်တော့ ပြေလည်နိုင်ပေမယ့် ကလေးဘဝကနေလူငယ်ဘဝကိုကူးပြောင်းတဲ့သမီးလေးရဲ့ အသက် ၁၅ ပြည့်မွေးနေ့ကို ခမ်းခမ်းနားနားကျင်းပပေးဖို့အတွက်တော့ လုံးဝမဖြစ်နိုင်ပါဘူး၊

ဒါ့ကြောင့် အယ်လ်မန်ဒိုဟာ ကျောက်ကပ်မရောင်းမှီအချိန်တွင်ကားရောင်းခြင်း၊ထီထိုးခြင်း၊အလုပ်တိုးလုပ်ခြင်းအစရှိသဖြင့်နည်းလမ်းပေါင်းစုံဖြင့်ကြိုးစားကြည့်ခဲ့သော်လည်းမအောင်မြင်တာကြောင့်နောက်ဆုံးမှာတော့သူ့ရဲ့ကျောက်ကပ်ကိုရောင်းချဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာပဲဖြစ်ပါတယ်။

အယ်လ်မန်ဒိုရဲ့ ကျောင်းကပ်ရောင်းချတဲ့ post ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံံနှံ့လာတဲ့အခါမှာဆိုရင်လည်း အွန်လိုင်းသုံးစွဲသူတွေဟာ သမီးလေးအတွက် ခန္ဓာကိုယ်တွင်း ကလီဆာတွေကိုတောင် နှမျောမှုမရှိတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို မလေးစားမချီးကျူးဘဲ မနေနိုင်ခဲ့ကြပါဘူး၊

ပရိသတ်တွေရော သမီးလေးရဲ့မွေးနေ့ကို ခမ်းခမ်းနားနားကျင်းပပေးချင်လို့ သူ့ရဲ့ကိုယ်တွင်းကလီစာတွေရောင်းချနေတဲ့ ဖခင်တစ်ယောက်ရဲ့လုပ်ရပ်ကိုမြင်ရတော့ ရင်ထဲမှာဘယ်လိုခံစားကြရလဲဆိုတာ ပြောပြခဲ့ကြဦးနော်။

source _ Stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။