ပရိသတ်ကြီးရေ မော်ဒယ်နဲ့သရုပ်ဆောင် ပိုင်တံခွန်ကတော့ သူ့ရဲ့ချောမောခန့်ညားတဲ့ ပင်ကိုယ်စတိုင်တွေကြောင့် ခဏလေးအတွင်းမှာတင် လူသိများ အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ကိုရီးယားမင်းသားတစ်ဦးလို ရုပ်ဖြောင့်တဲ့ ပိုင်တံခွန်က အခုဆိုရင် ကြော်ငြာနဲ့ Photo Shooting အများအပြား ရိုက်ကူးနေရပြီ ဖြစ်ပါတယ်၊၊ ပိုင်တံခွန်က သူ့ကိုချစ်တဲ့အမာခံ ပရိသတ်အမြောက်အများ ရရှိထားပြီး အထူးသဖြင့် မိန်းကလေးပရိသတ်တွေကတော့ သူရဲ့အချစ်ရေးကို ပိုစိတ်ဝင်စားကြတာ ဖြစ်ပါတယ်။
ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ကောင်မလေးတွေနဲ့တွဲရိုက်ထားတဲ့ပုံလေးတွေတင်ကာ ပရိသတ်တွေကို အမြဲစနောက်တက်တဲ့ သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း Tango Chocolate ကနေကံစမ်းမဲပေါက်တဲ့ ကောင်မလေးတစ်ယောက်ကို သူကိုယ်တိုင် သွားရောက်ကာ Suprise သွားရောက်လုပ်ပေးခဲ့တဲ့ အမှတ်တရပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေနဲ့ အတူ "Valentine Day အတွက် ပထမဆုံး surprise
Tango Chocolate ကနေ မဲပေါက်တဲ့ ညီမလေးကို ကျနော်ကိုယ်တိုင် surprise လေးဖြစ်အောင် ပန်းစည်းလေး လာပို့ပေးတာ" ဆိုတဲ့စာလေးပါဖော်ပြထားတာတွေ့ရပါတယ်။
ပိုင်တံခွန်ကတော့ကြော်ငြာတွေများစွာ ရိုက်ကူးရပြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ချောမောခန့်ညားတဲ့ ရုပ်ရည်ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်ကိုညို့ယူထားတာ ဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွက် ပိုင်တံခွန်ရဲ့ ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။
Source:Paing Takhon
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။