ပရိသတ်ကြီးရေ ကိုရီးယားမင်းသားလေးလို ချောမောလွန်းတဲ့အောင်လေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်တစ်ဦး ဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့အောင်လေးက အခုဆိုရင် ဗီဒီယိုဇာတ်ကားတွေရိုက်ကူးနေရသလို မတူညီတဲ့ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ခဲ့နိုင်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးခြင်းကို အခိုင်မာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အောင်လေးကတော့ ခရီးတွေထွက်လိုက် ရိုက်ကူးရေးတွေ အနုပညာ အလုပ်တွေ ဆက်တိုက်ရိုက်နေတာလည်းတွေ့ရပါတယ်။ လက်ရှိမှာလည်း အောင်လေးဟာ မေကိုကိုရဲ့ "ရှ" သီချင်းဗီဒီယိုလေးထဲမှာ ပိုင်အုပ်စိုးအောင်နဲ့အတူ ပါဝင်သရုပ်ထားတာလေးကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ အောင်လေးကတော့ သူ့ကို ချစ်တဲ့ပရိသတ်တွေအတွက်လည်း အမြဲလိုလို tik tok ဗီဒီယိုလေးတွေနဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးလေ့ရှိတာတွေ့ရပါတယ်။

မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်လေးကို ပရိသတ်တွေက ချောမောပြီး သန့်ပြန့်တဲ့ရုပ်ရည်လေးကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်အောင်လေးက ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေရပါတယ်။အောင်လေးပါဝင်သရုပ်ဆောင်ထားတဲ့ ရှ သီးချင်းဗီဒီယိုဖိုင်လေးက တကယ်အမိုက်စားလေးမို့ ပရိသတ်ကြီးတွကို မျှဝေပေးလိုက်ပါတယ်။

Source:May Ko Koe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။