ရန်ကုန်ယူနိုက်တက်အသင်းဟာAFC Champions League Preliminary Round 1 ဖိလစ်ပိုင်ကလပ် စီးရက်စ်အသင်းကို ပထမအဆင့်မှာ အနိုင်ယူခဲ့ပြီးတဲ့နောက်မှာတော့ ထိုင်းကလပ် ချင်ရိုင်းအသင်းနဲ့အဝေးကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းဟာထိုင်းထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ချင်းရိုင်အသင်းနဲ့ကစားရမှာဖြစ်တာကြောင့်နောက်တစ်ဆင့်တက်ဖို့အတွက်ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာပါ။

ပရိသတ်တွေကလည်းအဆိုပါပွဲစဉ်ကိုစိတ်ဝင်စားအားပေးနေကြတာဖြစ်ပါတယ်။အာစီယံပြိုင်ပွဲတွေအတွက်မြန်မာနေရှင်နယ်လိဒ်ပွဲတွေကိုခဏနားထားတာကြောင့်ရန်ကုန်အသင်းအတွက်တော့ပြင်ဆင်ချိန်ပိုရမှာဖြစ်ပါတယ်။ချင်းရိုင်ယူနိုက်တက်အသင်းဟာလည်းသိပ်မကြာခင်မှာထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲစတင်မှာဖြစ်တာကြောင့်ပွဲစဉ်တိုင်းကအရေးကြီးနေတာဖြစ်ပါတယ်။

ပရိသတ်တွေကလည်းဒီချင်ရိုင်းယူနိုက်တက်အသင်းကိုစိတ်ဝင်စားနေတာဖြစ်ပါတယ်။ချင်းရိုင်ယူနိုက်တက်အသင်းကတော့ ထိုင်းနိုင်ငံ ချင်ရိုင်းမြို့ အခြေစိုက်အသင်းကောင်းတစ်သင်းဖြစ်ပြီးတော့ ရန်ကုန်မြို့မှ ကုန်းလမ်းခရီးမိုင် 905 KM လောက်ကွာဝေးတဲ့ မြို့လဲ ဖြစ်ပါတယ်။

Nickname အနေနဲ့ကတော့ The Beetles လို့အမည်ရပြီး ပရိတ်သတ် 11000 ကျော်ဆံ့တဲ့ Singha Stadium ကွင်းကြီးကို ပိုင်ဆိုင်ထားတာလဲဖြစ်ပါတယ်။ဒီအသင်းဟာ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့အသင်းဖြစ်ပြီး လက်ရှိ အသက်၆ဝ အရွယ် ဘရာဇီးလူမျိုးနည်းပြ Jose Alves Borges ကိုင်တွယ်နေတာဖြစ်ပါတယ်.....ထိုနည်းပြကတော့ 2011-2012 ရာသီမှာ မြန်မာနေရှင်နယ်လိဂ် ကလပ် ရတနာပုံ အသင်းကိုနည်းပြအဖြစ်ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ထိုင်းလိဂ်၁ ပြိုင်ပွဲမှာတော့ အဆင့်၅နေရာရရှိခဲ့တဲ့အသင်းလဲ ဖြစ်ပြီးအသင်းရဲ့လူစာရင်းမှာတော့ ဘရားဇီးကစားသမားသုံးဦး တောင်ကိူရီးယားကစားသမား တစ်ဦးပါဝင်နေတာဖြစ်ပါတယ်။အဓိကကစားသမားကတော့ ဘရားဇီးတိုက်စစ်ကစားသမား Bill ဖြစ်တာကြောင့်ရန်ကုန်ယူနိုက်တက်အသင်းဘယ်လိုခြေစွမ်းတွေနဲ့အနိုင်ယူမလဲဆိုတာတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Source - Yangon United 12th Players 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။