အာစီယံယူ၂၂ချန်ပီယံရှစ်ပြိုင်ပွဲကြီးကတော့သိမ်မကြာခင်မှာကျင်းပတော့မှာဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုတော့ကမ္ဘောဒီးယားနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။မြန်မာအသင်းဟာအုပ်စု(B)မှာအိမ်ရှင်ကမ္ဘောဒီးယား၊အင်ဒိုနီးရှားနဲ့မလေးရှားအသင်းတို့နဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။ဒီပြိုင်ပွဲကိုတော့ဖေဖော်ဝါရီလ၁၇ရက်နေ့ကနေ့မတ်လ၁ရက်နေ့ထိကျင်းပမှာဖြစ်ပါတယ်။

မြန်မာယူ၂၂အသင်းကတော့နည်းပြသစ်ရဲ့လက်ထက်မှာပထမဆုံးယှဉ်ပြိုင့်မယ့်နိုင်ငံတစ်ကာပွဲဖြစ်လာမှာပါ။အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့မြန်မာအသင်းအတွက်အဖွဲ့ချုပ်ကရေရှည်စီမံကိန်းတွေအကောင်ထည်ဖော်ထားတာကြောင့်ပထမဆုံးစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ခုမှာတော့မြန်မာယူ၂၂အသင်းဟာနည်းပြသစ်လက်ထက်မှာဒုတိယအကြိမ်လေ့ကျင့်ခန်းအစီစဉ်တွေလုပ်ပြီဖြစ်ပါတယ်။

မြန်မာအသင်းအုပ်စုမှာပါဝင်တဲ့မလေးရှားအသင်းကိုလည်းဆူဇူကီးဖလားတုန်းကရှုံးကြွေးပြန်ဆပ်ဖို့လိုနေတာဖြစ်ပါတယ်။ဒီမြန်မာယူ၂၂အသင်းကိုတော့မြန်မာနေရှင်နယ်လိဒ်မှာခြေစွမ်းပြနေတဲ့လူငယ်ခြေတက်တွေနဲ့ဖွဲ့စည်းထားတာဖြစ်တာကြောင့်ပရိသတ်တွေအတွက်တော့စိတ်ဝင်စားစွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ပြင်ဆင်မှုတွေပြောင်းလဲမှုတွေအောက်မှာမြန်မာအသင်းဘယ်လောက်အောင်မြင်မလဲဆိုတာတော့စိတ်ဝင်စားစရာဖြစ်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။