မြန်မာနိုင်ငံရဲ့ ရေပန်းအစားဆုံးသီချင်းဆိုပြိုင်ပွဲဖြစ်တဲ့ Myanmar Idol ဟာ မကြာခင်မှာပဲ ဆုံးခန်းတိုင်တော့မှာပါ ။

ကျန်ရှိတဲ့ ပြိုင်ပွဲဝင် သားငယ်နဲ့ ဘီလီ ဘယ်သူက Winner ဖြစ်လာမလဲစောင့်ကြည့်ရမယ့်အနေအထားတစ်ခုမှာ

Fan တွေအချင်းချင်းကြားမှာလဲ အချင်းချင်းထိခိုက်မှုလေးတွေရှိလာသလို ဘီလီလမင်းအေးနဲ့ ကျန်ပြိုင်ပွဲဝင်များကြားမှာလဲ

မကျေလည်မှုတွေပေါ်ထွက်လာခဲ့တာကိုတွေ့ရပါတယ် ။ မျက်နှာထားတည်လို့ ဝေဖန်မှုတွေခံရတယ်ဆိုတဲ့ ဘီလီရဲ့ မွေးနေ့ကို

ည၁၁ နာရီလောက်ကမှ ပွဲစီစဉ်သူမမီးမီးရယ် မထရီဇာ ကိုဥက္ကာဦးသာတို့နဲ့ပဲ ကိတ်မုန့်ခွဲပြီးကျင်းပလိုက်ရတာကို

လူမှုကွန်ယက်က ဓါတ်ပုံတွေအရ သိရှိရပါတယ် ။ ကျန် ပြိုင်ပွဲဝင်များကိုလဲ ဘီလီမွေးနေ့ကိုအတူတူဆင်နွဲဖို့

မိတ်ကပ်ဆရာတစ်ယောက်ကသွားခေါ်ခဲ့ပေမယ့်မလာခဲ့ဘူးလို့လဲ ကွန့်မန့်တစ်ချို့ကရေးသားထားတာတွေ့ရပါတယ် ...

ထိုသို့သတင်းများထွက်ပေါ်လာမှုအပေါ်ကျန်ပြိုင်ပွဲဝင်များထဲမှ အေမီ နဲ့ မိုင်းမိုင်းဆိုင်းတို့ကပြန်လည်ဖြေရှင်းထားတာကိုအောက်ပါပုံ

ထဲကအတိုင်းတွေ့မြင်ရမှာပါ ... Fan တွေကြားမှာလဲ အမျိုးမျိုးဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေခဲ့ပါတယ် ။ ဒီကိစ္စတွေမှာ

ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာတော့ ကာယံကံရှင်တွေ သာအသိဆုံးဖြစ်ပါလိမ့်မယ် ...

Myanmar Idol Final ပြိုင်ပွဲကြီးမှာတော့ Top Ten ပြိုင်ပွဲဝင်တွေ အားလုံးပြန်လည်သီဆိုဖျော်ဖြေမှာဖြစ်ပြီး ဒီတစ်ပတ်

စနေနေ့ ည 7:30 PM on MNTV မှာ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ် ။

Source : facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။