အလှမယ်ရွှေအိမ်စည်တစ်ယောက် အစိမ်းရင့်ရောင်ဝတ်စုံလေးနဲ့ သူမရဲ့အလှတရားတွေကို အထင်းသားပေါ်လွင်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ရင်ခုန်ချင်စရာကေကာင်းတဲ့ သူမရဲ့ကောက်ကြောင်းလေးတွေက အမိုက်စားပါပဲ။ ပိုလန်နိုင်ငံမှာသွားရောက်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမှာ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ကံတရားက သူမကိုမျက်နှာသာမပေးခဲ့ပါဘူး။

လက်ရှိမှာတော့ သူမက အနုပညာလောကထဲကိုဝင်ရောက်လာပြီဖြစ်ပြီး " ဂျင်ပါတီ " ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ မော်ဒယ်အဖြစ်နဲ့လည်း ရပ်တည်နေပြီး သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလည်းအများအပြားပါပဲ။ ရင်ခုန်ချင်စရာကောင်းလွန်းတဲ့ သူမရဲ့ပုံစံလေးကြောင့် ပုရိသတွေရဲ့နှုတ်ဖျားမှာ ရေပန်းစားနေသူလေးပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ " မေ့ထားလိုက်တော့ " ဆိုတဲ့ MTV လေးကို ရိုက်ကူးနေပြီး ရိုက်ကွင်းထက်က သူမရဲ့အလန်းစားပုံရိပ်တွေကို " အရိုးရှင်းဆုံးက အဆန်းပြားဆုံးပဲ " ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ရိုးရိုးတီရှပ်လေးဝတ်ထားတာတောင် ရင်ခုန်ချင်စရာကောင်းလွန်းနေတဲ့ သူမရဲ့ ရင်ခုန်ဖွယ်ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။