ဒီကနေ့ Junction City မှာ ကျင်းပတဲ့ သရုပ်ဆောင်စမိုင်းလ်ရဲ့ " Sharing is Caring " ဆိုတဲ့ စာအုပ်လေးထုတ်ဝေတာနဲ့ လက်မှတ်ထိုးပွဲကို တက်ရောက်လာတဲ့ စမိုင်းလ်ရဲ့ပုံရိပ်တွေကတော့ မြင်သူတိုင်းကို အံ့သြစေမှာအမှန်တကယ်ပါပဲ။ သမီးလေးနှစ်ယောက်ကို မွေးဖွားပြီးနောက်ပိုင်း အဆမတန်တက်လာတဲ့ ကိုယ်အလေးချိန်ကို သူမမထိန်းနိုင်ခဲ့ပဲ ပေါင် ၂၀၀ ကျော် အမျိုးသမီးတစ်ယောက်အနေနဲ့ အဝလွန်သူတစ်ယောက်လည်းဖြစ်ခဲ့ရပါတယ်။

သို့ပေမယ့် သူမရဲ့ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပဖို့အတွက်တော့ စမိုင်းလ်တစ်ယောက် မငြီးမငြူနဲ့ Gym ဆော့ပြီး ဝိတ်တွေအပြတ်အသတ်ချခဲ့ပါတယ်။ ဒီလိုဝိတ်ချအပြီးမှာတော့ စမိုင်းလ်တစ်ယောက် သူ့ရဲ့အတွေ့အကြုံတွေကို " Sharing is Caring " ဆိုတဲ့ စာအုပ်လေးထုတ်ပြီး ပရိသတ်တွေကိုလမ်းညွှန်ပေးဖို့ စီစဉ်ခဲ့တာ အခုဆိုရင်အထမြောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

သူမရဲ့ပွဲကို ဒီဇိုင်နာမပုံ့လည်းတက်ရောက်ခဲ့ပြီး စမိုလ်းရဲ့ပွဲတက်အင်္ကျီကို သူမချုပ်ပေးခဲ့တာနဲ့ပက်သက်ပြီး " Congratulations ပါ Smile ရေ ကိုယ့်လက်ရာလေးတွေနဲ့ တကယ်ပိန်ပြီးမိုက်နေပါဘီ အားအလွန်ကျပါသည် " ဆိုပြီး စမိုင်းလ်ရဲ့ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ မယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွားတဲ့စမိုင်းလ်ရဲ့ လျို့ဝှက်ချက်ကတော့ " Sharing is Caring " စာအုပ်ထဲမှာရှိနေမှာပါ ပရိသတ်ကြီးရေ။

Photo - Ma Pont 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။