အဆိုတော် G-Fatt တစ်ယောက် မန္တလေးဆေးဝါးတက္ကသိုလ်မှာ သွားရောက်ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်သလို ပရိသတ်တွေရဲ့အားပေးထောက်ခံမှုကိုလည်း အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ အလန်းစား Rap တွေဟာ လူငယ်တွေကြားမှာ အတော်လေးရေပန်းစားပြီး အမြဲတမ်း Trend ဖြစ်နေတဲ့ အသုံးအနှုန်းတွေမို့ သူ့သီချင်းတွေက ဘယ်တာ့မှာဟောင်းမသွားပဲ သစ်မြဲသစ်ဆဲပါပဲ။

ချစ်သူ နန်းဆုနဲ့လည်း ပျော်ရွှင်စရာကောင်းတဲ့ အချစ်ကမ္ဘာလေးကိုတည်ဆောက်ထားပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ Relationship လေးက ဆက်လက်အသက်ဝင်နေဆဲဖြစ်ပါတယ်။ ချစ်သူ ရှမ်းတရုတ်မလေးရဲ့အိမ်မှာ အန်ပေါင်းသွားတောင်းတာ ဒါနဲ့ဆို G-Fatt တို့ နှစ်ခါရှိပြီနော် ပရိသတ်ကြီးရေ။

မန္တလေးဆေးဝါးတက္ကသိုလ်မှာဖျော်ဖြေခဲ့တဲ့ သူနဲ့သူ့ပရိသတ်တွေရဲ့ပုံရိပ်တွေကို " မန်းလေးဆေးဝါးတက္ကသိုလ်နှင့်ကျွန်တော် " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ အချိန်တိုင်းမှာအမြဲတမ်းပြုံးနေပြီး တဖြည်းဖြည်းနဲ့ ကြည့်ကောင်းလာတဲ့ G-Fatt တစ်ယောက် ဖျော်ဖြေပွဲမှာ ဘယ်လိုတွေပျော်ရွှင်နေတယ်ဆိုတာ ပုံရိပ်လေးတွေက သက်သေပါပဲနော်။

Photo - G-Fatt 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။