ပရိသတ်တွေဆီက အချစ်တွေ များစွာကို သိမ်းပိုက်ထားတဲ့ ချစ်သုဝေရဲ့ သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ကတော့ မြင်သူတိုင်းက ချစ်ရတဲ့ သမီးလေးတွေဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဖြူဖြူဖွေးဖွေးနဲ့ စကားတတ်တဲ့ သူတို့လေးတွေကြောင့် ချစ်သုဝေနဲ့ လင်းလင်းတို့ မိသားစုလေးက နွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဖြစ်နေရတာပါ။


ယခုဆိုရင် ချစ်သုဝေက အနုပညာအလုပ်တွေနဲ့ ဝေးကွာနေရာကနေ တစ်ဖန်ပြန်လည်ပြီး ပရိသတ်တွေဆီကို ပြန်ရောက်လာခဲ့ပါပြီ။ ယခုဆိုရင် ချစ်သုဝေရဲ့ တေးစီးရီးခွေ အသစ် မိတ်ဆက်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါပွဲလေးကို အနုပညာရှင်များစွာတက်ရောက်ခဲ့ပြီး မော်ဒယ်လောကမှာ အောင်မြင်မှုတွေနဲ့ အတူ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်ကိုပါပိုင်ဆိုင်ထားတဲ့ ငြိမ်းသော်လည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။


ကလေးချစ်တတ်တဲ့ ငြိမ်းသော်ကတော့ ချစ်စရာကောင်းတဲ့ဘချစ်သုဝေရဲ့ သမီးလေးတွေကို တွေ့ပြီး မျက်လုံးမခွာချင်လောက်အောင် အသည်းတွေယားနေပြီး ချစ်နေတာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်နေတာတောက် ချစ်သုဝေချီထားတဲ့ သမီးလေးဆီပဲ အကြည့်တွေရောက်နေခဲ့တ့ ငြိမ်းသော်ရဲ့ ကြည်နူးစရာပုံရိပ်လေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Photo: Ria Vo Vich
Source:Nyein Thaw
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။